အခန်း-၄၂

332 11 10
                                    

အိပ်ခန်းကုတင်ပေါ်၌ စောင်ကို ခေါင်းမြီးခြုံကာ လှဲနေသော ဒေါသအိုးကြီး မဟာမြိုင်။

စံရှားမောင်က အနီးသို့ သွားထိုင်ကာ

"မြိုင်ရေ..."

မဟာမြိုင်က အခေါ်ကို စောင့်နေသည့်နှယ် စောင်ကိုလှပ်၍ ချက်ချင်းထ,ထိုင်လိုက်၏။

အနည်းငယ် ဖောင်းနေသော
မဟာမြိုင့် မျက်အစ်များကိုကြည့်၍
စံရှားမောင်က အောက်နူတ်ခမ်းကို သွားဖြင့်ဖိကိုက်လိုက်သည်။

"ရှား~~"

မေးရိုးကို လက်ချောင်းများဖြင့် ပွတ်သပ်လာသော မဟာမြိုင်ကြောင့် စံရှားမောင်၏သွေးများ ပွက်ပွက်ဆူသွားရ၏။

ခေါ်ဝေါ်သည့်လေသံ၊ နူးညံ့သည့်အထိအတွေ့၌ စံရှားမောင်မှာ စက္ကန့်အနည်းငယ် မိန်းမောသွားမိသည်။

"မမမြကိစ္စမှာ ရှား ပါနေတယ်လို့
ကျွန်တော် စွတ်စွဲလိုက်ရင်
မှားသွားမလားဗျ...ဟင်!"

စံရှားမောင်က မဟာမြိုင်၏ မျက်လုံးအိမ်ဝိုင်းဝိုင်းကြီးများကို စိုက်ကြည့်နေ၏။

ဖုံးကွယ်မထားချင်သည့်တိုင် နူတ်မှ ထုတ်မပြောဘဲ မနေနိုင်လောက်အောင်
သူကလေး၏ လှုံ့ဆော်ပုံကား ကိုယ့်ဖို့အတော်ကြီး အကျိုးသက်ရောက်ပါပေသည်။

"မြိုင်မမှားပါဘူး...!"

*ဒေါသကို ဆွမိရာများ ရောက်ပြီလား*
ဟု ပူပန်ကြီးစွာ မျက်နှာတော်ချောချောကို စေ့စေ့ကြည့်နေမိရာ ကိုယ်တော်ချောက တစ်ဆိတ်ကလေး မျက်နှာထား ပြောင်းမသွားပါပေ။

ရှေ့ဆက်၍ လှော်နင်းနိုင်သည့်အခြေအနေမို့

"ကိုယ့်ညီနဲ့ မင့်အစ်မ!
ဒါကိုက လိုက်ဖက်လွန်းနေပြီ...
ညားက သဘောထားပြည့်ဝပြီး ရိုးသားလွန်းနေတယ်...
ဒီတော့ မြသွေးလို ထက်လွန်း၊ လည်လွန်းနဲ့ မိန်းခလေးနဲ့မှ တော်ကာကျမှာမို့ စီစဉ်လိုက်ရခြင်းပါ...
နောင်ကျ သူတို့ချင်းချစ်သွားကြရင်
လူအများ အားကျရတဲ့စုံတွဲ ဖြစ်လာမှာပါကွယ်...
ညားကလည်း မြသွေးက သူ့ကိုပြန်ချစ်လာအောင် အစွမ်းကုန် ကြိုးစားမှာပါ...
ညားဘက်က အမှားများလုပ်မိရင် ကိုယ့်လက်ကိုယ့်ခြေနဲ့ သေချာဆုံးမဖို့ မြိုင့်ကို ကတိပေးပါတယ်နော်..."

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now