မဟာမြိုင်မှာ စေ့စပ်သေချာသူပီပီ အလုပ်တစ်ခုလုပ်မည်ဆိုပါက ဒေါင့်စေ့အောင် တွေးတတ်ကြံတတ် စဉ်းစားတတ်၏။
ယခုလည်း စံရှားမောင်၏ ချစ်ကိစ္စကို
စဉ်းစားပေးနေသည်မှာ တစ်လကျော် နှစ်လနီးပါး ရှိပြီဖြစ်သည်။ယောက်ျားချင်းချစ်သည်ဆိုရာ၌ ပတ်ဝန်းကျင်၏ အပုတ်အခက်များ၊
မိမိ၏ သိက္ခာ မာနများ စသည် ပစ်ပယ်မထားသင့်သော ကိစ္စများကို အဆုံးထိတွေးကြည့်လိုက်သောအခါ၌
မဟာမြိုင် ကြက်သီးတဖြန်းဖြန်းပင်ထ ရ၏။သဘာဝကိုလွန်ဆန်ရဲသော သတ္တိမရှိ၍မဟုတ်ဘဲ လူ့အသိုင်းအဝိုင်း၌ ကျင်လည်နေရသောလူသားပေမို့
*ဟုတ်မှဟုတ်ပါ့မလား*
*ဖြစ်မှ ဖြစ်ပါ့မလား* စသည်ဖြင့် ဇဝေဇဝါအတွေးများ တစ်တန်းကြီးဝင်လာသောအခါ ခွန်အားသတ္တိအပြည့်ရှိပါသည်ဆိုသော မဟာမြိုင်
စိမ့်ခနဲ ဖြစ်သွားရသည်။ထိုလူကြီးရော ဒီလိုတွေ တွေးမှတွေးပါရဲ့လား ဟု စဉ်းစားမိတိုင်း အရာရာသူ့ထက်ကျောနေသော လူကြီး၏ စွမ်းပကားများကို ယုံကြည်၍ တွေးလက်စများ ယတိပြတ်ဖြတ်လိုက်မိ၏။
*ဒီလူကြီး ကိုယ့်အပေါ်
လွှမ်းမိုးထားနိုင်ပုံက...*တစ်ဖက်မှ စံရှားမောင် မှာလည်း အချစ်ကြီးသူဖြစ်ရကား မဟာမြိုင် ကအချိန်ယူစဉ်းစားပေးနေသည် ဆိုသည့် ကာလပတ်လုံး စိတ်ရှည်လက်ရှည် မညည်းမညူ စောင့်စားနေရှာ၏။
တစ်လကျော်နှစ်လနီးပါးလောက်ကိုပင် မနည်းအောင့်အီးသည်းခံနေရသော စံရှားမောင်မှာ သုံးနှစ်သုံးမိုးစောင့်စားကြသည်ဆိုသည့် အချစ်ဆရာသမားကြီးများကို အိမ်၌ပင့်ကာ
ကန်တော့ပွဲနှင့် ထိုင်ကန်တော့ပစ်လိုက်ချင်မိတော့သည်။စိတ်ကိုအလိုလိုက်ချင်တတ်သော ဝါသနာအရ သူကလေးက ကတိမတည်တဲ့လူကြီးဟု ရန်တွေ့ချင်တွေ့စေတော့ အလွမ်းရောဂါ အသည်းအသန် ထသည့်အခါ ဒင်းကလေးခြံရှေ့သို့ ခိုးကြောင်ခိုးဝှက်သော်လည်းကောင်း၊
ပြောင်ပြောင်တင်းတင်းသော်လည်းကောင်း၊ ပြေး၍ ချောင်းမြေင်းကြည့်ရှု့မိပြန်ပါသည်။အိမ်တွင်းပုန်းရသည့်အတောအတွင်းများ၌လည်း စံရှားမောင် က အအားမနေဘဲ မဟာမြိုင်၏ နည်းနာနိသျှများကိုယူကာ အိမ်မှု့ကိစ္စအဖြာဖြာများကို အကျွမ်းကျင်ဆုံးဖြစ်အောင် လေ့ကျင့် သည့်အပြင် မဟာမြိုင် မကြိုက်သည့်အကျင့်များကို ကြိုးစား၍ ပြင်ပါ၏။
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romance[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...