"You are my Symphony"
Part-1🍏✨"ငယ်......ကိုယ်တို့တွေ့နေကြ နေရာလေးကိုလာခဲ့မလား ကိုယ် မင်းကိုပြောစရာရှိတယ် ညနေ၅နာရီဆို ကိုယ်တို့တွေ့ကြရအောင် ငယ် လာခဲ့ပေးနိုင်မလား
ရတယ် ငယ် လာခဲ့မယ် အခုတော့ မေကြီးကို ဟင်းကူချက်ပေးနေလို့နော် ကိုကို ငယ် ဖုန်းချလိုက်တော့မယ်
ဟုတ်ပြီငယ် ဒါပဲနော်
အင်း "
ယော ဖုန်းပြောနေတာကို မီးဖိုချောင်ခန်းရဲ့ထောင့်မှာရှိတဲ့ ဗီရိုကိုကွယ်ပြီး ချောင်းနားထောင်နေသည့် ယောရဲ့မောင်လေး တည်တံ့ရှိန်း
ယော မသိဘူးများထင်နေလားမသိ"တည်တံ့ရှိန်း နင် ငါဖုန်းပြောနေတာကိုနားထောင်နေတာမသိဘူးများထင်နေလား
အခုဗီရိုနားကနေထွက်လာခဲ့စမ်းအမယ် ချောင်းနားထောင်တာမဟုတ်ပါဘူး သားဘာ့သာ ရေသောက်မလို့ ဝင်လာတာ မမဘာ့သာ ကိုကြီးမင်းဆက်နဲ့ ချစ်ကြည်နူးနေတာလေ
အောင်မာ ဒီကောင်လေးတော့ ....."
အပြောထပ် လက်ကပိုမြန်သည့် အစ်မဖြစ်သူအကြောင်းသိနေတာမို့ အမြန်ရှောင်လိုက်ရသည်
"ဟဲဟဲ မမ သားကို ရိုက်လို့မရပါဘူး
နင်....နင်....အခုလာခဲ့စမ်း
No No No အန်ကယ်ကတော့ Noပါသမီးရယ် အန်ကယ်လာရင် အန်ကယ်အရိုက်ခံရမှာပေါ့ အဲ့တာကိုမသိရအောင် အန်ကယ် ငတုံးမဟုတ် သဘောပေါက် "
တည်တံ့ရှိန်း ဒီကောင်လေး ယောကိုစပြီး အိမ်ရှေ့ကိုထွက်ပြေးသွားပြီ ယော သူ့နောက်လိုက်လာလို့မရမှန်းသိနေတဲ့ဟာလေးက ဒါကိုအခွင့်ကောင်းယူကာ စသွားသေးသည်
၂နှစ်ပဲကွာတဲ့ မောင်နှမမို့ ရွယ်တူလိုပင်
အိမ်မှာ ယောတို့မောင်နှမ၂ယောက်စလုံးရှိတဲ့နေ့ဆိုရင် အိမ်ဆူတာပါပဲ အမြဲစနောက်နေတတ်လို့ပင်"အဟင်းဟင်း သမီးမောင်လေး လာစသွားပြန်ပြီလား
ဟုတ်တယ် မေမေ သမီး ဟင်းအိုးကြည့်နေရလို့ သူ့နောက်လိုက်မရမှန်းသိတော့ စသွားတာလေ နေနှင့်ဦးပေါ့ ဂွင်ထဲရောက်မှ တွေ့မယ် အဲ့ဟာလေး