Part-4✨🍏

80 4 0
                                    

"You are my Symphony"
Part-4✨🍏

"Laptop screen ထပ်မှာ မြင်နေရသည့် ငယ့်ရဲ့ပုံရိပ်လေး......ပါးပြင်လေးအား ထိတွေ့မိသည်

" ကိုယ်နဲ့မင်း မတွေ့ဖြစ်တာကြာပြီနော်  မင်း ကိုယ့်အနားမှာ မရှိခဲ့တဲ့အချိန်တွေက နာကျင်ရတယ် ငယ်
ဖြစ်နိုင်ရင် အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင် ကိုယ် မင်းနဲ့လမ်းခွဲဖို့ရွေးချယ်ခဲ့မှာမဟုတ်ဘူး
ကိုယ့်အမှားတွေကြောင့် မင်းအနားမှာဆက်ရှိနေဖို့ကို မဝံ့ရဲခဲ့တာပါ ငယ် "

အတိတ်က ငယ်နဲ့သူရဲ့ ပုံရိပ်တွေဆီသို့ အတွေးစတို့က ပျံ့လွင့်သွားသည်

"ကိုကို........ငယ်တို့ ကျောင်းပိတ်ရက်ကျရင် ဘယ်သွားကြမလဲ လျှောက်မလည်ဖြစ်တာ တော်တော်ကြာပြီနော် ကိုကို‌ရော ငယ်ရော စာတွေနဲ့ အလုပ်တွေရှုပ်နေတာ
စိတ်အပန်းဖြေတဲ့အနေနဲ့ လျှောက်လည်ရအောင်လေနော် ကိုကို "

ကျောင်းပြီးတာနဲ့ မိဘတွေရဲ့လုပ်ငန်းကို ဦးစီးရမှာမို့ အခုကတည်းက လုပ်ငန်းပိုင်းဆိုင်ရာတွေကို သင်ယူနေရတာမို့ ငယ်ပြောတာကို သေချာအာရုံမစိုက်နိုင်ပါ

" ကိုကို့ ငယ်ပြောတာကြားလား လျှောက်လည်ရအောင်လို့

ဟမ် ငယ် ကိုယ့်ကို ဘာပြောလိုက်တာလဲ

တွေ့လား ကိုကိုက ငယ့်ကိုအရေးမစိုက်ဘူး အလေးလည်းမထားဘူး ငယ် ကိုကို့ဘေးနားမှာ စကားပြောနေတာ ကိုကို ကြားရဲ့သားနဲ့ လျစ်လျူရှုထားတာ

မဟုတ်ပါဘူးကွာ ကိုယ် ဒီစာရင်းတွေကို စစ်နေတာမို့လို့ပါငယ်ရယ် အခုပြော ငယ် ကိုယ့်ကိုဘာပြောလိုက်တာလဲဆိုတာပြောပြ

မပြောဘူး ကိုကို့ကို စိတ်ဆိုးတယ်

ဟိတ် ငယ် အခုချက်ချင်းပြန်ထိုင်

ဟွန့် ငယ်က ကိုကိုနဲ့ပက်သက်ရင်မလွန်ဆန်နိုင်မှန်းသိလို့ တမင်အမိန့်တွေပေးနေတာ
စိတ်ပုတ်ကြီး

ပြော ကိုယ့်ကို ငယ်ဘာကိုပြောလိုက်တာလဲ

လျှောက်လည်ရအောင်လို့ ငယ်တို့မလည်ဖြစ်တာကြာပြီလေ ငယ့်ဖက်ကပြောတိုင်း ကိုကို မအားလို့ပါဆိုပြီး အကြောင်းပြနေခဲ့တာ

"You are my Symphony"Where stories live. Discover now