"You are my Symphony"
Part -17✨🍏" မမကို ထိခိုက်အောင်လုပ်ခဲ့တဲ့မိန်းမအကြောင်း စုံစမ်းမလို့ အဲ့တာ ကိုသျှန်တို့Barရဲ့ CCTV ကို ကျွန်တော် ကြည့်လို့ရမလား
ဪ အဲ့တာဆိုအစ်ကိုပြောပြမယ် ညီလေး မစုံစမ်းနဲ့တော့ အချိန်ကုန်တယ်
ဗျာ....
ဟုတ်တယ် ညီလေး မင်းအစ်မကို နာကျင်အောင်လုပ်တဲ့သူက တခြားမဟုတ်ဘူး သျှန့်ရည်းစားဟောင်းပဲ
တစ်ကယ်လား...ကိုသျှန်
အင်း ဟုတ်တယ် ညီလေး အစ်ကိုတို့လမ်းခွဲခဲ့တာတော့ ကြာပြီ အခုလိုပြန်ပေါ်လာတာက ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ အစ်ကိုလည်းမသိဘူး ဒါပေမယ့် ယောကိုစိတ်ပူတယ်
ကျွန်တော်လည်း အဲ့တာကြောင့်စုံစမ်းမလို့ အစ်ကိုတို့ဆီကCCTV မှတ်တမ်းကို လာယူတာ
ဒီတစ်ခါကတော့ ကျွန်တော်က မမအနားမှာမရှိနေတဲ့အချိန်မို့ အဲ့မိန်းမ သက်သာသွားတာ
နောက်တစ်ခါ ကျွန်တော့်အစ်မကို ထိခိုက်နာကျင်စေရင်တော့ တန်ပြန်သက်ရောက်မှုဆိုတာခံစားစေရမယ် "ဘုန်းဇာဏ်တို့ကတော့ သူ့ကို တည်တံ့ရဲ့စကားကြောင့် မျက်စပစ်ပြလေသည်
သဘောက သူလည်းပဲ ယောကိုပိုဂရုစိုက်ပေးသင့်သည်ပေါ့ မဟုတ်ရင်တည်တံ့ရဲ့ အမြင်မကြည်မှုကို ခံစားရလိမ့်မည်ဆိုတဲ့သဘောပေါ့လေ" မင်းအတွက်ပြင်ပေးထားတာ စားဦးလေ ညီလေး
မစားတော့ဘူး ကိုသျှန် ကျွန်တော်ပြန်တော့မယ်
ဂရုစိုက်ဦး ညီလေး
ဟုတ်ကဲ့ ဒါဆို ကျွန်တော်သွားပြီနော် အစ်ကိုတို့
အေးအေး ညီလေး "
" သျှန့် မင်း ယောရွက်ငယ်ကို ချစ်ရင် တည်တံ့ရှိန်းထပ် ပိုဂရုစိုက်ပေးရမယ်ဆိုတာ သတိရနော် တည်တံ့ရှိန်းက အစ်မကိုချစ်တဲ့မောင်လေး သူ့အစ်မထိလာရင် အသားကုန်ဆော်မယ့်ကောင်
ဟုတ်တယ် သျှန်
ငါသိပါတယ်ကွာ "
°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°
" သီချင်းသွားဆိုရင်း လူပျိုလှည့်ဖို့ကို ရက်ရွှေ့ထားရသည်
အခုတော့ ယော စားဖို့အတွက် ဟင်းချက်ပစ္စည်းတွေ သွားဝယ်ရင်း တစ်ယောက်တည်း အလုပ်များနေလေရဲ့