"You are my Symphony"
Part-14✨🍏" ဟဲလို ယော
အင်း...ပြောလေ သျှန်
ယော ဒီအပတ်တနင်္ဂနွေ အချိန်ရမယ်ဆိုရင် ကျွန်တော့်သူငယ်ချင်းတွေက Barကိုပြင်ဆင်မှုအပိုင်းနဲ့ပက်သက်ပြီး တွေ့ချင်တယ်လို့ ပြောတယ်ဗျာ
ရတယ်လေ သျှန် ယော လာခဲ့မယ်
ဒါဆို ကျွန်တော့်ဆိုင်ကိုပဲလာခဲ့လိုက်ပါနော် ယော
ဟုတ်ကဲ့ လာခဲ့လိုက်ပါမယ်
Barက သိပ်ပြီးပြင်ဆင်ဖို့ မရှိတော့ပါဘူး အကုန်လုံးလည်း သူ့နေရာနှင့်သူ ပြင်ဆင်ပြီးပြီ သျှန်လည်း အမြဲလာကြည့်နေတာပဲ ဘယ်နေရာလိုအပ်ချက်ရှိသေးလဲဆိုတာ သျှန်အသိဆုံးပါယောရဲ့အရည်အချင်းကို ယုံကြည်ပြီးသားပါဗျာ
ဒါနဲ့ ယော အခုနေ့လည်စာစားပြီးသွားပြီလားဟင့်အင်း မစားရသေးဘူး သျှန် ယော အစည်းအဝေးတစ်ခုတက်နေလို့ ခုနမှပြီးတာ အခုလည်း အလုပ်လက်စသတ်စရာလေးတွေရှိနေလို့ မစားဖြစ်သေးဘူး အလုပ်တွေပြီးမှပဲစားတော့မယ် မဟုတ်ရင် စိတ်မဖြောင့်လို့လေ
အဲ့လိုမလုပ်ရဘူးလေ ယော ကျန်းမာရေးအတွက်မကောင်းဘူးလေ
ဗိုက်သိပ်မဆာသေးလို့ပါ သျှန်ရဲ့
ဒါပေမယ့် ယော..
ကဲပါ ခဏနေကျရင် နည်းနည်းပဲဖြစ်ဖြစ် စားထားလိုက်ပါ့မယ် ဟုတ်ပြီလား
ဟုတ်ပါပြီ သေချာပေါက်စားဖြစ်အောင်စားရမယ်နော် ယော
ဟုတ်ကဲ့ပါရှင်
အိုကေပါဗျာ ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်နော် ယော
ဟုတ်ကဲ့ပါရှင်...."
မဖြစ်သေးပါဘူး ယောက စားလိုက်မယ်ဟုသာပြောတာ အလုပ်များနေရင် မေ့သွားဦးမယ်
ယောအတွက် နေ့လည်စာပြင်ပေးဦးမှပါပဲ...****** ***** ***** **** ***** ***** ***** ***** *****
ယော အလုပ်လုပ်နေတုန်း မက်ဆေ့ခ်ျတစ်ခုဝင်လာလေသည်
ကြည့်လိုက်တော့ မင်းဆက်ထင်ဆီကပင်
ယောကို ဖုန်းခဏခဏဆက်နေပေမယ့် မကိုင်တာကြောင့် မက်ဆေ့ခ်ျထိပါ ပို့လာတာဖြစ်မည်