Part-33✨🍏

37 2 0
                                    

"You are my Symphony"
Part-33✨🍏

" ကျွတ် ကျွတ် ကျွတ် သနားစရာ ငါတို့သူငယ်ချင်းလေးပါလားကွာ

မင်းက ယောက်ဖလောင်းကို ခေါ်သွားတာကိုကွ....

အိမ်မှာ တည်တံ့ပဲကျန်ခဲ့မှာဆိုတော့ သနားတာရယ် သုံးယောက်ဆိုရင် ပိုပျော်ဖို့ကောင်းမှာရယ် တွေးပြီး ခေါ်လိုက်တာလေ ဒီလိုဖြစ်လာမယ်လို့ ငါဘယ်ထင်ထားပါ့မလဲကွ

မင်းကလေ ညံ့တယ်လို့ပြောရင်လည်း လက်မခံချင်ဘူး
ကိုယ့်ချစ်သူနဲ့နှစ်ယောက်တည်းသွားမယ့် ပျော်ပွဲစားကို ယောက်ဖလောင်းခေါ်သွားမှတော့ မင်း သူ့အစ်မအနားကပ်ရဖို့ဆိုတာ ဝေးလာဝေးပဲ

နောက်ကိုခေါ်ဦးမှာလား သားကြီး

မခေါ်တော့ဘူး....

ဟားဟား....

အူတက်သေနေဦးမယ် စွတ်ရယ်မနေနဲ့ ဘုန်းခန့်ရေ

ဟားဟား...."
လဒလေးက ပြောခါမှပိုဆိုးနေတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ယောရေ....MDက ခဏ ရုံးခန်းကိုလာခဲ့ပါဦးတဲ့

ဟုတ်ပြီ စိမ့် ယော သွားလိုက်ပါ့မယ်..."

ဒေါက် ဒေါက် ဒေါက်
" ဝင်ခဲ့ပါ....

ဪ မယောရွက်ငယ် ထိုင်ပါခင်ဗျ

ဟုတ်ကဲ့ ယောကို ခေါ်တယ်ဆိုလို့ပါ MD

ဟုတ်တယ်ဗျ တခြားတော့မဟုတ်ပါဘူး ပဲခူးမှာ ကျွန်တော့်အစား အစည်းအဝေးသွားတက်စေချင်တာပါ

ရှင်....

ဟုတ်တယ်ဗျ ကျွန်တော်ကလည်း စင်္ကာပူမှာတက်ရမယ့်အစည်းအဝေးရှိနေတော့ ပဲခူးကိုသွားဖို့ အဆင်မပြေဘူးလေ
ကျန်တဲ့ဝန်ထမ်းတွေကလည်း အသီးသီးတက်ရမယ့် အစည်းအဝေးတွေရှိနေပြီးသားဆိုတော့ မယောရွက်ငယ်ကိုပဲ ကျွန်တော်အကူအညီတောင်းရတော့မှာဗျ

ရပါတယ် MD
ယော သွားလိုက်ပါ့မယ် ဘယ်နေ့လောက် သွားရမလဲရှင့်

မနက်ဖြန်ဆို မယောရွက်ငယ် အဆင်ပြေနိုင်မလားခင်ဗျ

အချိန်နီးနေပြီပဲရှင့် အစည်းအဝေးအတွက် လိုအပ်တာတွေကရော MDရှင့်

"You are my Symphony"Where stories live. Discover now