"You are my Symphony"
Part-5✨🍏" ကဲ ကလေးတို့ ဆင်းကြတော့ "
မေကြီးနဲ့ယောတို့မောင်နှမက ညောင်ပင်အောက်မှာ ဖေကြီးကားရပ်နေတာကို ရပ်စောင့်နေတာဖြစ်သည်
မကြာပါဘူး ယောတို့နဲ့မရှေးမနှောင်းမှာပင် အဖြူရောင်ကားတစ်စီး ဖေကြီးကားရပ်နေသည့် ဘေး၌ ဝင်ရပ်လာလေသည်
"မမရေ မမ ဒီကိုကြည့် "
"ဘာလဲ
ဟာ......တည်တံ့စုတ် အရူးလေး "တည်တံ့က ယောအား ညောင်ရွက်မှာ ကပ်နေသည့်ရေစက်လေးနှင့် နောက်မှလှမ်းစလေသည်
"ဟားဟား မမကလည်း အသည်းငယ်လိုက်တာဗျာ ညောင်ရွက်လေးနဲ့စတာပါဗျာ
နင့်ညောင်ရွက်လေးမှာ ရေစက်လေးတွေနဲ့လေ သေချာကြည့်
ဪ မရည်ရွယ်ပါဘူးဗျာ ဟဲဟဲ မမကလည်း ဆောရီး ဆောရီး
ဖယ် ငါ့အနားမကပ်နဲ့
နင်တွေ့မယ် တည်တံ့ ငါ့ဂွင်ထဲရောက်လို့ကတော့ ဟွန့် နာပြီသာမှတ် ""ကဲ သမီးတို့ရေ သွားကြမယ်
ဟုတ် ဖေကြီး "
"ဆောင်း ကိုယ့်လက်ကိုတွဲ
ဟေ့ ဘုန်းကြီးကျောင်းမှာနော် ပူးပူးကပ်ကပ်မနေရဘူးလေ
ဟာ ဒီသားကတော့
တည်တံ့ရှိန်း နင်သွားမရှုပ်နဲ့ဟယ် ဖေကြီးတို့ကိုလွှတ်ထားပေးလိုက် လာ နင်ကငါနဲ့လိုက်ခဲ့ "
"သမီးကမှ အလိုက်သိသေးတယ်
အဟွန့် သားက ကိုနဲ့တူတာလေ
ဆောင်းကလည်းကွာ....."
°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°
"ဘွားတို့သွားနှင့်ရေ ပြီးမှ သားလိုက်ခဲ့မယ်နော်
သားက ဘာလုပ်မလို့လဲကွဲ့ ဘွားတို့နဲ့တစ်ခါတည်းလိုက်ခဲ့လေ
နေ့ဆွမ်းကပ်ဖို့က လိုသေးတာမို့ ဟိုနားဒီနားပတ်ကြည့်မလို့ ဘွား
မရဘူး ဘွားတို့နဲ့တစ်ခါတည်းလိုက်ခဲ့ ဆရာတော်ဘုရားကို ဝတ်ပြုပြီးမှ ပြန်ထွက်ရေ ကြားလား မြေး
ဟုတ်တယ် သား မေမေတို့နဲ့တစ်ခါတည်းလိုက်ခဲ့
ဟုတ် ......"