Part-22✨🍏

47 1 0
                                    

"You are my Symphony"
Part-22✨🍏

" သျှန် ပေးပို့လာသည့် ပန်းစည်းလေးက ကံ့ကော်ပန်း ပန်းစည်းလေးပင် "
သင်္ကြန်နားနီးနေပြီဆိုပေမယ့် ကံ့ကော်ပန်းတို့က စတင်ပွင့်နေလေပြီ
ကံ့ကော်ပန်းနဲ့ ပိတောက်ပန်းက တန်ခူးလမှာ ပွင့်သည့် ပန်းတွေဖြစ်တာမို့ အရမ်းကိုလှပြီး ကျက်သရေရှိလှပါသည်

" ကံ့ကော်ပန်းစည်းလေးဆိုတော့ ယော အလုပ်စားပွဲမှာ တစ်ချို့ပန်းလေးတွေကို အလှပန်းအိုးထိုးရင် ထိုးထားလိုက်လေ မွှေးတာပေါ့

အင်း...."

တီး...တီး...တီး..
" ဟဲလို သျှန်...."

ယောက သျှန်လို့ခေါ်တာနဲ့ ဟိုဖက်က အပျိုကြီးတစ်သိုက်က နားစွင့်နေကြလေရဲ့😆👀

" ကျွန်တော် ယောငယ်အတွက် ပန်းစည်းပို့ပေးလိုက်တာ ရပြီလားဗျ

အင်း ခုနလေးတင်ရတယ် သျှန်

ကံ့ကော်ပန်းလေးတွေရဲ့အဓိပ္ပါယ်က "ထာဝရချစ်နေမယ်"လို့ ဆိုလိုတာ ယောငယ်

အင်း....

ကျွန်တော် ယောငယ်အပေါ်ချစ်တဲ့အချစ်က ကံ့ကော်ပန်းလေးတွေရဲ့ အဓိပ္ပါယ်လို ထာဝရတည်မြဲနေမှာမို့ ကျွန်တော့်အချစ်နဲ့ထပ်တူကျတာကြောင့် ယောငယ်ဆီပို့ပေးလိုက်တာပါဗျာ
ယောငယ် သဘောကျရဲ့လားဗျ....

အင်း....သဘောကျပါတယ်...

ကျွန်တော့်ကိုလား ယောငယ်...

ဟုတ်ဘူးလေ...ပန်းစည်းကိုပြောတာ
သျှန်ပြောတာကလည်း ပန်းစည်းမဟုတ်ဘူးလား

အဟွန်း...ယောငယ်က အငိုက်ဖမ်းလို့မရဘူးပဲ...

ဒါကတော့ သျှန့်ရဲ့အမှားပေါ့ရှင်....

အဟက်...ဟုတ်ပါပြီဗျာ....
ကျွန်တော် ယောငယ်နဲ့ညနေတွေ့ဖို့ ရုံးဆင်းချိန်လာခဲ့မယ်နော်

ယောက ကားပါတယ်လေ သျှန် ကားတစ်ယောက်တစ်စီးနဲ့ အဆင်မပြေဘူးနော်

မျက်နှာလေးတွေ့ချင်လို့ပါဗျာ လာခဲ့မယ်နော် ယောငယ်
ယောငယ်ခွင့်မပြုလည်း ကျွန်တော်က လာမှာပဲ ဘာလို့ဆို ချစ်ရသူမျက်နှာမတွေ့ရရင် ကျွန်တော့်ရဲ့အိမ်ပြန်ချိန်တွေဟာ အဓိပ္ပါယ်မဲ့နေသလိုပါပဲဗျာ...."

"You are my Symphony"Where stories live. Discover now