Part-30✨🍏

37 3 0
                                    

"You are my Symphony"
Part-30✨🍏

" မောင့်ယောငယ် မောင် ညနေ လာကြိုမှာနော်

အင်း.....ဒါဆို ယော ကုမ္ပဏီရှေ့မှာ စောင့်နေမယ်

ဟင့်အင်း မစောင့်ရဘူး မောင်စိတ်မချဘူး မောင် ရောက်ပြီဆိုရင် ဖုန်းကြိုဆက်လိုက်မယ် အဲ့ကျမှ ကုမ္ပဏီထဲကထွက်လာခဲ့နော်

ဟုတ်ပါပြီ ဒါဆို ယော သွားတော့မယ်နော် ‌ကားကို ဂရုစိုက်မောင်းနော် မောင်

နေ့လည်ကျ မောင် နေ့လည်စာလာပို့ပေးမှာ ဝယ်မစားနဲ့နော် မောင့်ယောငယ်

သျှန်......"
အဟွန်း မောင်က သူ့အား " သျှန်"ဟု ခေါ်မိသွားတာကြောင့် မျက်မှောင်ကြုံ့ကာ သူမအားစိုက်ကြည့်လာသည် သဘောက သူ့ကို "သျှန်"လို့ခေါ်တာကို မကြိုက်ဘူးပေါ့

" ဟီး.....ဆောရီး မောင်

ဟွန်း အဲ့လိုခေါ်ရမှာနော် မဟုတ်ရင် မောင်က မှားခေါ်တတ်တဲ့အဲ့နှုတ်ခမ်းလေးကို အပြစ်ပေးတော့မှာဗျ....

မောင်နော်....."

အဟက် အပြစ်ပေးမယ်လို့ပဲ ပြောရသေးသည် သူမနှုတ်ခမ်းလေးအား လက်လေးနှင့် ကွယ်ထားလေသည်

" မောင်ပင်ပန်းလို့ လာမပို့ပါနဲ့ ယော ဝယ်စားလို့ရပါတယ် မောင်က ဆိုင်အလုပ်တွေနဲ့ မအားဘူးလေ

မောင့်ယောငယ်အတွက်ဆို မောင်က အချိန်တွေတင်မဟုတ်ဘူး လူကိုပါအပိုင်ပေးထားပြီးသားမို့ မောင်မပင်ပန်းပါဘူးဗျာ
တစ်ခုပဲ မောင့်ယောငယ်ဆီက အနမ်းလေးရရင် ပိုတောင်မပင်ပန်းဦးမှာ သိလား

မောင်နော် မပိုနဲ့ 

အဟက်.....

ဒါဆို ယောသွားတော့မယ်နော်

ဟုတ်ကဲ့ပါဗျ...."

ယောငယ် ကုမ္ပဏီထဲသို့ ရောက်သွားပြီဆိုမှ သျှန်လည်း ဆိုင်သို့ မောင်းထွက်လာခဲ့သည်

🎶💙🎶💙🎶💙🎶

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သျှန် ဆိုင်သို့ရောက်ရောက်ချင်း ကောင်တာမှာထိုင်နေသည့် ဝဏ္ဏက " ကိုသျှန်" ဟုခေါ်လာလေသည်

" ကိုသျှန့်......

ဟေ....ဘာလဲကွ....

ငါ့အစ်ကို သင်္ကြန်လေးရက်စလုံး အိမ်ကိုလာရှာတိုင်း မေမေကြီးတို့က မရှိဘူးချည်းပြောလွှတ်နေတာ ဘယ်တွေရောက်နေတာလဲ

"You are my Symphony"Where stories live. Discover now