"You are my Symphony"
Part-3✨🍏"ဟော ကားသံကြားတယ် သားပြန်ရောက်ပြီထင်တယ် မေရေ
မေ သွားကြိုလိုက်ဦးမယ်
ကိုယ်ပါလိုက်မယ်လေ "
"ဟာ ဖေနဲ့မေက သားကိုထွက်ကြိုနေတာလား
ဒါပေါ့ သားက အိမ်ပြန်ချိန်နောက်ကျနေတာကို
သားနောက်ကျတာ မဟုတ်ပါဘူး မေမေကြိုက်တဲ့ကိတ်မုန့်လေးဝင်ဝယ်နေတာနဲ့ နောက်ကျသွားတာပါဗျာ
ဖေ့အတွက်ကရော မေ့အတွက်ပဲဝယ်လာတာလား သားက
ဖေဖေ့အတွက်လည်း ပါပါတယ်ဗျာ ညစာစားရင်း ဝိုင်ချိုလေးသောက်ရင်းနဲ့ပေါ့လေ
အိုကေ ဖေ့အကြိုက်သိသားပဲ
သား ရေချိုးလိုက်ဦးမယ်
အေးအေး ဖေတို့စောင့်နေမယ်သား မြန်မြန်ဆင်းလာခဲ့
ဟုတ် ဖေဖေ "
"ကိုယ်တို့သားလေးက လိမ္မာတယ်နော် မေ
မိဘကိုတအားသိတတ်တာပဲကွာဒါပေါ့ သည်လိုလိမ္မာတဲ့သားလေးရထားတာ မေတို့သိပ်ကံကောင်းတယ်
ဟုတ်တာပေါ့ဗျာ မေ့လိုချစ်ဇနီးချောလေးပိုင်ဆိုင်ထားရတဲ့ ကိုယ်က ပိုကံကောင်းသွားပြန်ရော
အို.....အဘိုးကြီး ဘာတွေလျှောက်ပြောနေတာလဲ
မေကလည်း ကိုယ် အဘိုးကြီးမဟုတ်သေးပါဘူးဗျာ
ကိုယ် စွမ်းပါသေးတယ်ဗျအို ရှင်ဘယ်လိုဖြစ်နေတာလဲ..."
ဒေါ်ဇီဇဝါတို့နဲ့မလှမ်းမကမ်းမှာရှိနေသည့် အိမ်အကူမိန်းကလေးကတော့ ပြုံးပြုံးလေးဖြင့်သာ သူမအလုပ်ကိုဆက်လုပ်နေလေသည်
အခုလိုကြားနေရတာက သူတို့အတွက်မထူးဆန်းတော့ပေ
ဘဘကြီးက ကြီးကြီးကို ချစ်စကားအမြဲပြောနေတတ်ပြီး ဂရုစိုက်ကြင်နာတတ်တာကို မြင်တွေ့ရဖန်များလာတော့ မထူးဆန်းတော့တာဖြစ်သည်အချစ်စစ်တို့မည်သည် ဘယ်အသက်အရွယ်ကိုရောက်ပါစေ အမြဲနုပျိုနေစမြဲပင်
"ဟုတ်လား အဲ့တာများ သားရယ် အဲ့သည့်မိန်းကလေးကို ကိတ်မုန့်ပေးလိုက်တာမဟုတ်ဘူး မနေ့ကလည်း သားက ကိတ်မုန့်ဝယ်လာခဲ့ပေးတာပဲ ဒီနေ့မဝယ်လာလို့ ဘာမှမဖြစ်ပါဘူး သားရယ်