Part-40 ✨🍏

37 2 0
                                    

"You are my Symphony"
Part-40✨🍏

" သမီး....ပြန်ရောက်ပြီလား

ဟုတ် ပြန်ရောက်ပြီ ဖေကြီး....သမီး ဒီနေ့ကိစ္စလေးရှိလို့ နောက်ကျသွားတာ

အင်း သမီးအမေ ဖေ့ကိုပြောတယ်
ရေချိုးပြီး ဆင်းလာခဲ့ ညနေစာစားမယ်

ဟုတ်ကဲ့ ဖေကြီး....."

ယော ဒီနေ့သိပ်ကိုပျော်တာပဲ ...မောင့်ကို အကြာကြီးတွေ့ချင်ပေမယ့် အခြေအနေအချိန်အခါက မဖြစ်တာမို့ ခဏလေးတွေ့ပြီးသာ ပြန်လာခဲ့ရသည်

မောင်မသေဘူးဆိုတော့ အခုဖြစ်သွားတဲ့အခြေအနေတွေကို မောင် ဘယ်လိုဖြေရှင်းမလဲဆိုတာ မောင်နဲ့တွေ့မှ မေးကြည့်ရမည်
အားလုံးက မောင့်ကို သေပြီဆိုပြီး လက်ခံထားကြပြီမလား

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" သမီး....မျက်နှာလည်းမကောင်းပါလား အလုပ်ကိစ္စအဆင်ပြေတယ်မဟုတ်ဖူးလား

ဟုတ် အလုပ်ကိစ္စကအဆင်ပြေပါတယ် ဒယ်ဒီ....သမီး အိပ်ရေးမဝလို့ပါ

အလုပ်ကို ကျန်းမာရေးထိခိုက်တဲ့အထိတော့ မလုပ်ပါနဲ့ သမီးရယ်

နည်းနည်းလေး နောက်ကျပြီးမှ အိပ်ဖြစ်လို့ပါ မာမီရာ
သမီးကို စိတ်မပူပါနဲ့

မပူလို့ရမလား မာမီက သမီးအမေလေ

သိပါတယ် သမီး ဒီနေ့စောစောအိပ်ပါ့မယ် မာမီရဲ့ ဟုတ်ပြီလား

အင်းပါ.....လာ မနက်စာစားမယ် သမီးကြိုက်တာလေး မာမီပြင်ထားတာ

ဟုတ်ကဲ့....."

ခြွေ မာမီတို့ရှိနေလို့သာ ......
စိတ်ရှိလက်ရှိသောင်းကျန်းရရင် အိမ်ရှိပစ္စည်းအကုန် ပေါက်ခွဲပစ်သည်
ဆေးပြန်သုံးချင်ပေမယ့် မာမီနဲ့ဒယ်ဒီ့ကိုစိတ်မဆင်းရဲစေချင်လို့ ထိုစိတ်ကို ထိန်းချုပ်ထားရသည်

" မောင်....လွတ်အောင်ပုန်းထားနော်....ခြွေ မောင်ရှိနေတဲ့နေရာကို သိတာနဲ့ လာသတ်မှာ....
မောင်က ခြွေ့အနားမှာ အသက်ရှင်လျက်မနေချင်မှတော့ ခြွေက မောင့်အသက်ကို ဇီဝိန်ချုပ်ပေးပြီး အနားမှာ ခေါ်ထားရတော့မှာပေါ့
သိပ်မကြာခင် ပြန်တွေ့ကြမယ်နော် မောင်....အဟက် "

"You are my Symphony"Where stories live. Discover now