part-24✨🍏

37 2 0
                                    

"You are my Symphony"
Part-24✨🍏

ကားထဲမှာ သီချင်းလေးဖွင့်ထားတာမို့ နှစ်ဦးသား စကားမပြောဖြစ်ကြ....
သူ့ဘေးမှာ သီချင်းလေးနားထောင်ရင်း ကားပြတင်းပေါက်‌ကနေ အပြင်ဖက်ကိုငေးကြည့်နေသည့် အမျိုးသမီးလေးကို ဘေးတစ်စောင်းလေးကြည့်မိပြန်တော့လည်း လှနေတာပါပဲ.....

နှုတ်ခမ်းလေးလှုပ်ရုံ သီချင်းလေးလိုက်ဆိုနေသည့် ယောငယ်ရဲ့ နှုတ်ခမ်းဖူးဖူးလေးက သျှန့်ကို နှလုံးခုန်မြန်လာစေသည်
ထို့ကြောင့် မကြည့်မိအောင်နေပေမယ့်လည်း ထိုနှုတ်ခမ်းလေးရှိရာကိုပဲ အကြည့်ရောက်မိနေသည်

ကားမောင်းရင် ရှေ့ကိုသာ တည့်တည့်စိုက်ကြည့်ထားရမှာမှန်ပေမယ့် သူ့ဘေးမှာ ယောငယ်ပါလာတဲ့အခါမှာတော့ ရှေ့သို့အကြည့်မရောက်နိုင်ဘဲဖြစ်ရသည်

သျှန့်မှာ ထိုနှုတ်ခမ်းလေးရဲ့ဆွဲဆောင်မှုကြောင့် ရေဆာသလိုလို အာခေါင်ခြောက်လာသည်

" သျှန်....ဘာရှာနေတာလဲ

ဪ...ရေပါ ယောရဲ့

ဒီမှာလေ သျှန် "
ယောက သူ့အား ရေဗူးအဖုံးဖွင့်ပြီး လက်ထဲထည့်ပေးလာသည်
ယောလက်လေးအား သူမလွှတ်မိ.....

" သျှန် လက်ကိုလွှတ်လေ....ရေသောက်မှာဆို ...ရေဗူးနဲ့လက်နဲ့မှားနေမယ်နော်

အဟွန်း....ဟုတ်ကဲ့ပါဗျာ..."

သျှန့်......မင်းခေါင်းထဲကအတွေးတွေကို ဖယ်ထုတ်စမ်း
ယော မင်းကိုစိတ်ဆိုးသွားလိမ့်မယ် သျှန်......မင်း ဒီလိုမတွေးသင့်ဘူး ဟုတ်တယ် မတွေးသင့်ဘူး

ဟူး.....ချစ်ရသူနဲ့ပက်သက်ရင် အတွေးတွေကအစ သတိထားနေရပါသည်
စိတ်သွားတိုင်း ကိုယ်ပါနေမိမှာစိုးလို့လေ...
ယောငယ်နှုတ်ခမ်းဖူးဖူးလေးကို သူထိတွေ့ချင်လာတာမို့ ထိုအတွေးတွေကို ဖျောက်ဖျက်ပစ်ရသည်

တစ်နာရီကြာ ကားမောင်းလာပြီးတဲ့နောက်မှာတော့ ကျောက်မြောင်းမြို့နယ်မှာရှိသည့် " Cuupa Jo Cafè "ဆိုင်လေးကို ရောက်လာခဲ့သည်

" ယောငယ် ဆိုင်ထဲအရင်ဝင်နှင့်လိုက်နော် ကျွန်တော်နောက်ကလိုက်လာခဲ့မယ်

ရတယ် သျှန် အတူတူသွားမယ်လေ

အင်း...ဒါဆို ခဏလေးနော် ယောငယ်

"You are my Symphony"Where stories live. Discover now