Part-6✨🍏

60 3 0
                                    

"You are my Symphony"
Part-6✨🍏

"အဟွန်း ဒီစာအုပ်လေးက တည်တံ့အတွက် အဆင်ပြေတယ် မမက မောင်လေးအတွက် စေတနာနဲ့ဝယ်ပေးတာပါ ဟဲဟဲ "
(မောင်ဖြစ်သူကို စနောက်ပြီဆိုရင် ပြုံးနေတာပဲ 🤣)

"ငယ်......."

မင်းဆက် ဆိုင်ထဲဝင်ဝင်ချင်း ခွန်းဆက်ကို လှမ်းနှုတ်ဆက်မလို့ပါပဲ ဒါပေမယ့် မမျှော်လင့်ပဲ စာအုပ်ရွေးနေသည့် ငယ့်ကို တွေ့လိုက်ရသည်

"မင်းဆက် ဘာဖြစ်လို့လဲ

ဟမ် ဪ ဘာမှမဟုတ်ပါဘူး မင်းလည်း ထူးထူးခြားခြား ‌ဒီနေ့ဆိုင်ထိုင်ဖြစ်နေတာလား

အလုပ်နားရက်ကို အိမ်မှာနေရတာ ပျင်းတာနဲ့ ဆိုင်လာထိုင်လိုက်တာ
မင်းရော အလုပ်တွေအဆင်ပြေရဲ့လား

အေး ပြေပါတယ်ကွာ  "

မင်းဆက်ကြည့်ရတာ သူနဲ့သာ စကားပြော‌နေတာ အကြည့်တွေက indoor plants တွေအနားက စာအုပ်စင်မှာ စာအုပ်တွေ‌ရွေးနေသည့် မိန်းကလေးထံသို့ ရောက်နေတာဖြစ်သည်

"မမရေ ....သားရောက်ပြီ

အွန်း ဒီမှာ မောင်လေးအတွက် မမ စာအုပ်ရွေးပေးထားတယ်

ငါ့အစ်မတို့များ အပြင်ရောက်ပြီဆိုရင် တအားကြင်နာတတ်တာ ဟီးဟီး

တည်တံ့ မမသဘောကောင်းနေတာကို မနောက်ရဘူးနော်

အဟွန်း ဟုတ်ကဲ့ပါဗျာ

ဒါနဲ့ ရေခဲမုန့်သွားဝယ်မလို့ဆိုပြီး ထွက်သွားတဲ့သူက ဘယ်မှာလဲရေခဲမုန့်လည်းမတွေ့ပါလား

တစ်ခါတည်းစားခဲ့လိုက်တယ် စာအုပ်တွေပေမှာစိုးလို့

ဪ အစ်မအတွက်ကျ ဝယ်မလာဘူး

ပြီးရင် ဝယ်ကျွေးမယ်

အိုကေ "

တည်တံ့ပါ ပါလာတာပဲ
ကောင်းပါတယ် ငယ်တစ်ယောက်တည်းမဟုတ်တော့ အပြန်ကိုစိတ်မပူရတော့ဘူးပေါ့

ဪ မောင်နှမ၂ယောက်ထွက်လာတာပဲ ပူတင်းရုပ်တို့က မောင်နှမ၂ယောက်ဆိုတော့ ဘယ်သွားသွားအဖော်ရတယ် ကောင်းပါတယ်

"မင်းဆက် မင်းအသိလား မင်းငေးနေတာနော်

ဪ မင်းကို ငါမပြောပြမိဘူးပဲ
အဲ့မိန်းကလေးက ငါ့အချစ်ဦးလေ ယောရွက်ငယ်တဲ့
တက္ကသိုလ်တက်တုန်းက တွဲခဲ့တာလေ ဒါပေမယ့် ငါ့အမှားတွေကြောင့် နောက်ဆုံးနှစ်မှာ ငါတို့လမ်းခွဲခဲ့တယ် ခွန်းဆက် အခုမှပြန်တွေ့ဖြစ်တာ

"You are my Symphony"Where stories live. Discover now