"You are my Symphony"
Part-45✨🍏 [ End Part ]" ကိုမင်းဆက်ထင် ဖုန်း ခဏပေးလို့ရမလား
ရတယ်လေ ကိုသျှန်ခိုက်မင်းထည် ဒီမှာပါ "
ကိုမင်းဆက်ထင်က ကားမောင်းနေရာမှ နောက်ခန်းမှာရှိနေသည့် သျှန့်ဆီ ဖုန်းလှမ်းပေးခဲ့သည်
" ဟဲလို....ကိုကြီးမင်းဆက်....ပြောပါ....ဘာကိစ္စလဲ
ညီလေး အစ်ကိုပါ.....
ကိုသျှန်လား....
အင်း.....အခု ယောငယ်က သေနတ်ပစ်ခံထားရတာမို့ အစ်ကိုတို့ ဆေးရုံသွားနေပြီ အဲ့တာ ညီလေးက အန်ကယ်နဲ့အန်တီ့ကို ခေါ်ပြီး Grand Hantha ကိုလာခဲ့လိုက်နော်
ဟုတ်.....ဟုတ်ကဲ့....အခု မမအခြေအနေကရော ဘယ်လိုရှိလဲ ကိုသျှန် "
တည်တံ့ ကြားလိုက်ရသည့်သတင်းကြောင့် မမအား စိုးရိမ်သွားရသည်
" ယောငယ်က သတိမေ့နေတယ် ညီလေး အစ်ကိုတို့က အခုဆေးရုံကိုသွားနေတဲ့လမ်းမှာ
ဟုတ်ပြီ ဟုတ်ပြီ ကိုသျှန် ကျွန်တော် ဖေကြီးတို့ကိုပြောပြီး အမြန်လိုက်လာခဲ့မယ်
မမကို ဂရုစိုက်ပေးပါဦးစိတ်ချပါ ဒါဆို ဖုန်းချလိုက်တော့မယ်နော် ညီလေး
ဟုတ်ကဲ့ ကိုသျှန်...."
ယောငယ် မိဘတွေဆီကိုပါ အကြောင်းကြားပြီးပြီမို့ ယောငယ်သက်သာစေဖို့ကိုသာ ဂရုစိုက်ရလိမ့်မည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တည်တံ့ ကိုသျှန့်ဆီမှ ဖုန်းရပြီးသည်နှင့် ကားသော့အမြန်ယူကာ ကားမောင်းထွက်ရင်း ဖေကြီးကို အရင်ဖုန်းလှမ်းဆက်လိုက်သည်
" ဟဲလို သားငယ်....
ဖေကြီး....မမ ဆေးရုံရောက်နေတယ်
ဟေ....သမီးကြီးက ဘာဖြစ်တာလဲ သားငယ်
သေနတ်ပစ်ခံရတာတဲ့ ဖေကြီး
သား အခုလေးတင်ပဲ ကိုသျှန့်ဆီက ဖုန်းရတာအေးအေး ဖေကြီး အခုပဲ ထွက်လာခဲ့မယ် ဘယ်ဆေးရုံမှာတဲ့လဲ သား
Grand Hantha မှာ ဖေကြီး
ဟုတ်ပြီ သားအခု ဆေးရုံသွားနေတာလား