" You are my Symphony"
Part-15✨🍏" သျှန် သားငယ် ဒီကိုခဏလာထိုင်ပါဦး
ဟုတ်ကဲ့
သား ဆိုင်အခြေအနေရော အဆင်ပြေရဲ့လား
ဟုတ် ပြေပါတယ် မေမေ
မေမေ သားနဲ့ပက်သက်ပြီး သတင်းတွေကြားနေရတယ်နော်
ဗျာ ဘာကိုလဲ မေမေ သား ဘာမှမလုပ်ထားပါဘူး
အဟွန်း ဟုတ်လို့လား မြေးရယ် ဘွားတို့က သတင်းအတိအကျရထားတာနော်
ဘယ်လိုလဲ ဝန်ခံမှာလား ဝန်မခံဘူးလားဗျာ ဘာကိုလဲ ဘွားရဲ့
ကဲ သားရေ မင်းသားကိုပြောပြလိုက်ပါဦး မသိချင်ယောင်ဆောင်နေတယ်ကွယ်
ဖေဖေ ဘွားတို့က ဘာကိုပြောနေတာလဲဟင်
သား နားမလည်ဘူးသား ရှေ့အပတ်ထဲက ယောလေးဆီကို နေ့လည်စာပုံမှန်သွားပို့ပေးနေတာကို ပြောတာ
အာ.....အဲ့တာလား
အဟွန်း ဟုတ်တယ် ဖေဖေတို့ ဝဏ္ဏဆီက သတင်းအတိအကျရထားတာနော်
မှန်မှန်ပြော သားလေး ဘာတွေကြံစည်နေတာလဲကြံစည်နေတာမဟုတ်ပါဘူး ဖေဖေရာ
အဲ့တာဆိုဘာလဲ သားငယ်
သား ယောအပေါ်မှာ မေတ္တာသက်ဝင်မိနေပြီ အဲ့တာကြောင့် ယောကို ဂရုစိုက်ပေးတာပါ
ဖွင့်ပြောပြီးပြီလား သား
မပြောရသေးဘူး မေမေ
ပြောတော့လေ တော်ကြာ သူများဦးသွားမှ အသည်းကွဲနေရဦးမယ်
ယောက တည်ငြိမ်တယ် ဘွားရဲ့ သား ဘယ်လိုစပြောရမှန်းစဉ်းစားမရသေးလို့ ပုံမှန်လေးပဲ ဂရုစိုက်ပေးရင်း နေနေတာ
သား ဖွင့်တော့ဖွင့်ပြောမှာမလား
ပြောမှာပေါ့ ဖေဖေကလည်း
ဟုတ်ပါပြီ ပြောမယ်ဆိုရင်ပဲရပါပြီ ကံကောင်းပါစေ သားငယ်
အဟွန်း ဟုတ်ကဲ့ပါဗျာ
အခုမှပဲ ငါ့မြေးအတွက် စိတ်အေးရတော့တယ် အခုထိချစ်သူလည်းမရှိသေးတော့ ဒီတစ်သက် မြစ်ချီရမှာမဟုတ်တော့ဘူး တွေးနေတာ တော်ပါသေးရဲ့...