"You are my Symphony"
Part -18✨🍏" ထိုနေ့က ဆိုင်မှာပဲ စုအိပ်လိုက်ကြပြီး မနက်ကျမှ သျှန်တို့ အသီးသီးလူစုခွဲကာ အိမ်ပြန်ခဲ့ကြသည်
ဝဏ္ဏကို ဆိုင်နဲ့ပက်သက်ပြီး မှာစရာရှိတာတွေမှာခဲ့ကာ အိမ်ပြန်လာခဲ့သည်အိမ်ထဲဝင်ဝင်ချင်းပင် ဖေဖေကက သူ့ကိုလှမ်းခေါ်လိုက်သည်
" သား အခုမှပြန်လာတာလား ညက အိမ်ပြန်မအိပ်ဘူးလား
ဗျာ ဟုတ်တယ် ဖေဖေ သား ကိစ္စလေးရှိလို့ ဆိုင်မှာပဲအိပ်ဖြစ်သွားတယ် "
သျှန် ဖေဖေ့ဖက်ကို မလှည့်တာမို့ သူ့နဖူးကဒဏ်ရာကို မတွေ့သေးပေ
လက်ရှည်အကျီလည်း ဝတ်လာတာမို့ သူ့လက်က ဒဏ်ရာတွေကိုလည်း မတွေ့သေးပါ" နေမကောင်းဘူးလား သား
မဟုတ်ဘူး ဖေဖေ သား နေကောင်းတယ် အပေါ်တက်ပြီး ရေချိုးလိုက်ဦးမယ်နော်
သားငယ် ဒီဖက်ကိုလှည့်စမ်း..."
ရုတ်တရက် မေမေ သူ့အနားရောက်လာပြီး ဆွဲလှည့်လိုက်တာကြောင့် သူ့နဖူးကဒဏ်ရာတွေကို တွေ့သွားခဲ့သည်
" ဟယ် သား နဖူးမှာဘယ်လိုဖြစ်တာလဲ ဘာဖြစ်လာတာလဲ မေမေ့ကိုပြောစမ်း
ချော်လဲတာပါ မေရဲ့ စိတ်မပူနဲ့နော်
လက်ကို ဖယ်စမ်း မေမေ ကြည့်မလို့ "
ဒဏ်ရာတွေကို လက်နဲ့လိုက်ဖုံးနေတာမို့ မေမေက သူ့လက်ကိုပုတ်ထုတ်လေသည်
" ကြည့်ပါဦး ကိုရယ်
ဟုတ်ပါ့ ဘာဖြစ်လာတာလဲ ပြောစမ်း သား
ဟဲ့ ဘာဖြစ်ကြတာတုန်း အခုမှအိမ်ပြန်ရောက်တဲ့ကလေးကို ဘာတွေဝိုင်းစစ်နေကြတာလဲ
ဒီမှာလေ အမေ့မြေး နဖူးမှာဒဏ်ရာနဲ့ အယ် ကြည့်ပါဦး လက်မှာရော သျှန်ခိုက်မင်းထည် မင်းပြောစမ်း"
မေမေရော ဖေဖေရော ဘွားဘွားပါ သိကုန်တာမို့ ဝိုင်းမေးနေကြလေပြီ
အကျီလက်ကြယ်သီးက သေချာတပ်ထားပါရဲ့နဲ့ အချိန်ကိုက်ကြယ်သီးပြုတ်သွားရတယ်လို့" ဟီးဟီး အဲ့တာကလေ....သား ..
အင်း...ပြောစမ်း....ဘာဖြစ်လာတာလဲ