Part-32✨🍏

32 2 0
                                    

"You are my Symphony"
Part-32✨🍏

" Woww !!! ဖေကြီး ဒီနေ့ မျက်စိကျိန်းလောက်အောင် ခန့်ညားနေတာပါလား

အဟွန်း သားတို့အဖေပဲလေကွာ ဒီလိုပဲဖြစ်ရမှာပေါ့ ဘယ်လိုလဲ ဖေ ချောတယ်မလား

အရမ်းချော ဖေ‌ကြီး....... လုံးဝစတိုင်မိမိုက်နေတာ ကောင်မလေးတွေတောင် ငေးနေရမယ်....

ကိုရေ ......"

ဖေကြီးကတော့ မေကြီးခေါ်သံကိုကြားတာနဲ့ ချက်ချင်း လှေကားကို လှမ်းကြည့်တော့တာပဲ အဟွန်း

" ကိုယ့်မိန်းမက ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲဗျာ ခရမ်းနုရောင်ဝတ်စုံလေးနဲ့ သိပ်လှတာပဲ ကိုယ့်အမြင်အာရုံထဲ မင်းပုံရိပ်တွေကို စွဲထင်နေပြီ ဆောင်းရယ်

Wow!!!!!! ဖေကြီး
တော်ကီတွေနော် ......

ကလေးတွေရှေ့မှာ အိန္ဒြရေဆည်ပါဦး ကိုတည်တံ့အောင်ရေ

ကိုယ်တို့သားနဲ့သမီးပဲဟာ အိန္ဒြရေဆည်စရာမလိုပါဘူး နားလည်ပြီးသားဟာ

ရှင်ဟာလေ ပြောလို့မရရင်လည်း လုံးဝမရတာနော်

ပြောလို့ရပါတယ် ဒါပေမယ့် မိန်းမရဲ့အလှနဲ့ပက်သက်လို့ပြောရင်တော့ ဟဲဟဲ မရဘူး

ဖေကြီးကတော့ ဒီနေ့ မေကြီးကို သူ့ဘေးနားကနေ အရွေ့ခံမှာမဟုတ်တော့ဘူး မေကြီးဘယ်သွားသွားနောက်ကနေ ‌လိုက်နေတော့မှာ သိလား မေကြီးရေ

အဲ့တာတော့ အမှန်ပဲ သမီးရေ

ဟားဟ ဖေ့သမီးက ကြိုသိနေတာပဲ

ဒါပေါ့ ဖေကြီးက မေကြီးကို သဝန်အရမ်းတိုတာလေ

တွေ့လား ဆောင်း ကိုယ် မင်းကိုဘယ်လောက်ချစ်လဲဆိုတာ သားနဲ့သမီးက သေချာသိနေတာ

သိမှာပေါ့ ရှင် ခဏခဏ ကလေးတွေကို ပြောပြနေတာမဟုတ်ဘူးလား

အဟွန်း .......

ကဲကဲ သွားမယ် ပွဲက ၈နာရီစမှာလေ ကားလမ်းတွေက ခပ်ပိတ်ပိတ်နဲ့ နောက်ကျနေမယ်

သားနဲ့သမီးကလည်း အပြင်သွားရင် တံခါးတွေ သေချာပိတ်သွားနော် လျှပ်စစ်မိန်းခလုတ်တွေလည်း သေချာပိတ်ခဲ့ပြီးပြီလားဆိုတာ စစ်ဆေးဖို့ မမေ့ကြနဲ့

"You are my Symphony"Where stories live. Discover now