"You are my Symphony"
Part-25✨🍏" ရေချိုးပြီး အောက်ထပ်သို့ ဆင်းလာသည့် သျှန့်အား ဧည့်ခန်းမှာ ထိုင်နေသည့် ဘွားက လှမ်းခေါ်လေသည်
ဒီနေ့က သူ့နားရက်မို့ ဆိုင်သို့မသွားပေ....သို့ပေတည်း အသည်းအသက်လေးဆီကိုတော့ နေ့လည်စာထမင်းဗူးသွားပို့ရဦးမှာမို့ အပြင်သွားဖို့ ပြင်ဆင်နေတာဖြစ်သည်
" မြေးလေး.....
ဗျာ ဘွား....
သား နေ့လည်စာစားတော့မှာလား.....
မစားသေးဘူး ဘွား....သား ယောငယ်ဆီကပြန်လာမှပဲစားတော့မယ် ဗိုက်လည်းသိပ်မဆာသေးတော့လေ
ဘွား ဘာပြောမလို့လဲဗျဪ မနက်က အဘွား မိသင်းကို ကူလုပ်ခိုင်းထားတဲ့ ရွှေကြည်မုန့်လေးရှိတယ် အဲ့တာ သားတို့အတွက်ချန်ထားတာ...
မြေးမလေးဆီသွားရင် အချိုပွဲအနေနဲ့ပါ ယူသွားပေးလိုက် မြေးဟုတ်ကဲ့ ဘွား သားလည်း အချိုပွဲကို ဘာလုပ်ပေးရမလဲစဉ်းစားနေတာ
ဒါဆို အတော်ဖြစ်သွားတာပေါ့ သစ်သီးလေးပါခွဲပြီးထည့်သွားလိုက် အလုပ်လုပ်ရင်းစားလို့ရတာပေါ့
ဟုတ် ဘွား...
ဘွားရော နေ့လည်စာ စားပြီးသွားပြီလား သားပြင်ပေးခဲ့မယ်လေနေနေ သား ဘွားခုနက မုန့်ချိုတွေစားထားသေးတယ် မဆာသေးဘူး မြေးပြန်လာမှပဲ တူတူစားတော့မယ်
ဟုတ်ကဲ့ ဒါဆို သားမြန်မြန်ပြန်လာခဲ့မယ်နော်....ဘွား ဗိုက်ဆာနေပြီဆိုရင် သားကိုမစောင့်နဲ့နော် အရင်စားနှင့်လိုက်နော် ဘွား သား အန်တီသင်းကို မှာခဲ့လိုက်မယ်
သားသျှန် ဘာမှာမလဲလို့ကွဲ့ အန်တီသင်း အဝတ်တွေသွားလှန်းနေလို့
ဪ ဘွားအတွက် နေ့လည်စာပြင်ပေးထားဖို့ပါ
ရတယ်လေ သားသျှန်ရဲ့ အန်တီပြင်ပေးလိုက်ပါ့မယ်
မပြင်နဲ့ မိသင်း အန်တီ ပုတီးခဏစိတ်လိုက်ဦးမယ် မြေးငယ်ပြန်လာရင်သာ အန်တီ့ကိုလာခေါ်ရေ
ဟုတ်ကဲ့ မေမေကြီး...."
" ဒါဆို ဘွား သားသွားပြီနော်