"You are my Symphony"
Part-39✨🍏" ယောရေ....."
မကြာခင် ရုံးဆင်းတော့မှာမို့ ရုံးဆင်းရန် အသင့်ပြင်နေသည့် ယော စိမ့်ရဲ့ခေါ်သံကြောင့် လုပ်လက်စတို့အား ရပ်တန့်ရင်း လှည့်ကြည့်မိသည်
" ရှင်.........
ဘာပြောမို့လဲ စိမ့်ဪ အခု စိမ့်တို့ရုံးဆင်းရင် BBQဆိုင်မှာ သွားစားကြမှာလေ ယောပါလိုက်ခဲ့နော်
အခုလိုခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်
ယော မလိုက်တော့ဘူး စိမ့် စိမ့်တို့ပဲသွားကြနော်လိုက်ခဲ့ပါ ယောရဲ့ ယောပါရင် ပိုပျော်ဖို့ကောင်းမှာ
အဟင်း....နောက်တစ်ခေါက်မှပေါ့ ကေသွယ်ရယ် အခုက ယော သွားစရာလည်းရှိနေလို့ပါ
ဟုတ်ပါပြီရှင် ဒါဆို နောက်တစ်ခါကျ ယော သေချာပေါက်လိုက်ခဲ့ရမယ်နော်
ဟုတ်ကဲ့ပါရှင်.....အခုတစ်ခေါက် ယောမလိုက်ဖြစ်တာမို့ ကျော့တို့က ယောအတွက်ပါ ပိုစားခဲ့ကြနော်
အမလေး အဲ့အတွက်ကိုမပူနဲ့ ယောရေ အများကြီးစားခဲ့မှာ သိလား
အဟင်း ဟုတ်ပါပြီရှင်....
ဒါဆို ယော ရုံးဆင်းပြီနော် ကားကိုဂရုစိုက်မောင်းကြဦးဟုတ်ကဲ့ပါရှင့်....ယောလည်း ကားကို ဂရုစိုက်မောင်းနော်
ဟုတ်ကဲ့....."
🌧️🌧️🌧️🌧️🌧️
မင်းဆက်လည်း အလုပ်တွေ အားလုံး လက်စသတ်ပြီး ကားသော့ယူ၍ ကားပါကင်သို့ထွက်လာခဲ့သည်
ငယ်က တွေ့မည့်နေရာကို မက်ဆေ့ခ်ျပို့လိုက်ပြီမို့ ကားကိုအမြန်မောင်းထွက်ခဲ့လိုက်သည်🎶🎶🎶🎶🎶
"ကိုမင်းဆက်ထင် စောင့်နေရတာကြာပြီလားရှင့်
မကြာသေးပါဘူး ငယ် ကိုယ်လည်း ခုနကမှရောက်တာ
ငယ်သောက်နေကျ ကော်ဖီပဲ ကိုယ်မှာပေးထားတယ်ကျေးဇူးပါ....ကိုမင်းဆက်ထင်....."
" ကိုမင်းဆက်ထင်က မောင်နဲ့ပက်သက်တာကို ပြောပြချင်တာဆိုတော့ ဘာအကြောင်းများလဲ
ငယ့်ချစ်သူ မသေဘူး ငယ်
ရှင်.....
ရှင် ဘာလို့ ဒီလိုပြောရတာလဲ ကိုမင်းဆက်ထင်