Part - 28✨🍏

41 2 0
                                    

"You are my Symphony"
Part-28✨🍏

" သမီးငယ်လေး....အရမ်းပျော်နေတာလားဗျ....

အင်း.....အခုမှ သမီး လွတ်လွတ်လပ်လပ်နေရတာလေ....ဟိုအခန်းကြီးထဲမှာ သမီးတစ်ယောက်ထဲ အထီးကျန်နေတာ....နောက်ပြီး ကြောက်တယ် ဒယ်ဒီရဲ့.....

အင်းပါ....အခု သမီးလည်း ကိုယ့်ကိုယ်ကို ထိန်းနိုင်နေပြီဆိုတော့ အဲ့အခန်းမှာ မနေရတော့ပါဘူး

ဒယ်ဒီ....

ဗျာ....

မာမီရောဟင်....

သမီးမာမီက သမီးအကြိုက် သင်္ကြန်ထမင်းလေးချက်နေတယ် မုန့်တွေရောပဲ လုပ်နေတာ

ဟင်....အာ့ ဒယ်ဒီက မကူညီဘူးလား မာမီပင်ပန်းတာပေါ့ဒယ်ဒီရဲ့

အမလေး ကူပါတယ်ဗျာ အခုက သမီးမာမီက  သမီးလေးကို လာခေါ်ခိုင်းလိုက်တာလေ....

ဟီးဟီး ဟုတ်ပါပြီ ဒယ်ဒီရဲ့...."

ရက်အနည်းငယ်ချုပ်ထားအပြီးမှာ သမီးလေးက အခြေအနေတိုးတက်လာတာမို့ အရင်လို အခန်းထဲမှာပဲ မထားတော့ဘဲ သမီးလေးစိတ်ကြိုက်နေဖို့ ပြင်ဆင်ပေးထားသည့် အခန်းသို့ ပြောင်းနေခွင့်ပေးခဲ့တာဖြစ်သည်
ဒေါက်တာကလည်း သမီးက သူ့ကိုယ်သူထိန်းနိုင်ပါတယ်ဟု အာမခံလာတာကြောင့် သမီးကို လွတ်လွတ်လပ်လပ်နေခွင့်ပေးလိုက်တာဖြစ်သည်
သို့သော် ဆေးဖြတ်သည့်ကုသမှုကတော့ မပြီးဆုံးသေးပေ..........

" ဟော သမီး လာ ဒီမှာ သမီးအကြိုက်တွေချည်းပြင်ထားတာ

ဟုတ် ကျေးဇူးပါ မာမီ

ရပါတယ်ရှင် သမီးသာနေမြန်မြန်ပြန်ကောင်းအောင် ဂရုစိုက်ရမယ်နော်

ဟုတ်ကဲ့ပါ မာမီရဲ့...."

မာမီနဲ့ဒယ်ဒီရဲ့အပြုံးတွေက သိပ်ကိုလှတာပဲ....သူမရဲ့လှည့်စားမှုကို ယုံကြည်သွားသည့် မာမီနဲ့ဒယ်ဒီကိုတော့ သူမ တောင်းပန်ပါသည်
သို့ပေမယ့် သူမလုပ်ရမည့်အရာတွေရှိသေးသည် ထို့ကြောင့် ဟိုအခန်းထဲကနေ အပြင်ထွက်ခွင့်ရဖို့ ကုသမှုတွေကို ဒေါက်တာကုသသည့်အတိုင်း လက်ခံခဲ့တာဖြစ်သည်

" ငါ ရန်ကုန်ပြန်ရောက်တာနဲ့ နင်တို့အားလုံးကို ဒုက္ခကောင်းကောင်းတော့မှာမို့ ပျော်နိုင်သမျှတော့ ပျော်ထားနှင့်ဦးပေါ့ဟာ......."

"You are my Symphony"Where stories live. Discover now