Part-34✨🍏

33 2 0
                                    

"You are my Symphony"
Part-34✨🍏

" ဒေါက်တာ သူ့ကို ကုသမှုစလို့ရပြီလား....

အရင်ဆုံး သူ့ကိုသန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်တယ်...

ဘသစ် ဇော်ခန့် နင်တို့နှစ်ယောက် မောင့်ကို သန့်ရှင်းရေးလုပ်ပေးလိုက်....

ဟုတ်ကဲ့ မမလေး...."

မိနစ်အနည်းငယ်ကြာ....
" ပြီးပြီ မမလေး...

နင်တို့နှစ်ယောက် အခန်းအပြင်မှာ စောင့်နေ  ငါခေါ်တာနဲ့ တန်းဝင်လာခဲ့

ဟုတ်ကဲ့ မမလေး..."

ဘသစ်နဲ့ ဇော်ခန့် အခန်းအပြင်ရောက်လာတော့ လေသံတိုးတိုးဖြင့် အခန်းထဲရှိ ဟိုလူနဲ့မမလေးအကြောင်းပြောမိကြသည်
" မမလေးက ဘာလို့ ဟိုလူ့ကို ကားတိုက်မှုဖြစ်အောင်လုပ်ပြီးမှ ခေါ်လာတာလဲမသိဘူးနော် ဘသစ်

ကိစ္စရှိလို့နေမှာပေါ့ကွာ

ဒါနဲ့ ဘော့စ်သာ ငါတို့ မမလေးခိုင်းတဲ့အတိုင်းလုပ်နေမှန်းသာသိရင် ဆူခံရပြီနော် ဘသစ်

ဆူခံရရုံတင်မဟုတ်ဘူး ထောင်ပါအချခံရမှာ
အဲ့တာကြောင့် မင်းပါးစပ်ပိတ်နေ ဘော့စ်သိသွားရင် သူ့သမီးအပြစ်တွေပါ ငါတို့ကိုလွှဲချပြီး ထောင်ချလောက်တယ်

အေးပါကွ ငါသိပါတယ်

ဒါနဲ့ ဒီလူနဲ့မမလေးက ဘယ်လိုပက်သက်နေတာလဲကွ

မမလေး "မောင်"လို့ခေါ်လိုက်တာမင်းမကြားလိုက်ဘူးလား

ဒါဆို  မမလေးရည်းစားဟောင်းပေါ့

ဟုတ်တယ်

ရည်းစားဟောင်းကို အခုလိုခေါ်လာရအောင် မမလေးကဘာလုပ်ဖို့ကြံနေတာလဲမသိဘူးနော့်

ဇော်ခန့် မင်းတော်တော်စပ်စုတာပဲကွ....ကိုယ့်အလုပ်သာ ကိုယ်အာရုံစိုက်စမ်းပါ "
ဘသစ်ပြောလိုက်တာကြောင့် ဇော်ခန့်လည်း စကားထပ်မစရဲတော့ပဲ ငြိမ်သွားသည်

" ဒေါက်တာ ကုသမှုစလို့ရပြီလား...

ရပြီ...."

မောင်က နဖူးထောင့်မှာ ဒဏ်ရာအပြင်းအထန်ရထားပြီး လက်နှစ်ဖက်စလုံး ဒဏ်ရာတွေရထားတာမို့ ပတ်တီးစည်းထားရသည်
မျက်နှာမှာလည်း ကားမှန်စတွေထိမှန်ထားတာမို့ မောင့်မျက်နှာချောချောလေးဟာ ထိရှဒဏ်ရာတစ်ချို့ရှိနေသည်

"You are my Symphony"Where stories live. Discover now