Part-16✨🍏

43 3 0
                                    

" You are my Symphony"
Part-16✨🍏

" ကိုသျှန့် စတိုင်ကျနေတာနော်

အာ...ပုံမှန်ပါပဲကွာ...
ညီလေးလည်း ဒီနေ့ကြည့်ကောင်းနေတာနော်

ဟားဟား..
ကျွန်တော်လည်း အစ်ကို့လိုပုံမှန်ပါပဲဗျာ

ယောတို့မောင်နှမ ဒီဖက်မှာ အေးဆေးထိုင်ကြနော် ကျွန်တော်တို့က ဧည့်သည်တွေ ဧည့်ခံဖို့ရှိသေးလို့

ရတယ် ကိုသျှန် ကျွန်တော်တို့အဆင်ပြေတယ်

ဟုတ်ပါပြီကွာ

သျှန့် ငါတို့ပဲ ဧည့်သည်တွေကို ဆက်ဧည့်ခံလိုက်မယ်
မင်း ယောရွက်ငယ်တို့မောင်နှမကို သွားဧည့်ခံလိုက် သွား

ဖြစ်ပါ့မလားကွ...

ဪ ဖြစ်ပါတယ်ဆို မင်းက ကိုယ်သဘောကျနေတဲ့မိန်းကလေးကို ပစ်ထားမလို့လား

မဟုတ်ဘူးလေ ဘေးမှာက တည်တံ့တစ်ယောက်လုံးပါနေတာကို

သွားပါကွာ အေးဆေးပေါ့ "

ဇာနည်တို့က သူ့ကို  ဧည့်မခံခိုင်းတော့ပဲ ယောတို့ဆီကိုပဲ သွားဖို့ တိုက်တွန်းနေသည်

" ယောနဲ့ တည်တံ့အတွက် အစ်ကိုမှာပေးထားတယ် ခဏနေ လာချပေးလိမ့်မယ်

သီချင်းသံကအရမ်းမဆူတော့ ငြိမ့်ငြိမ့်လေးနဲ့နားထောင်ကောင်းတယ် သျှန်
မီးရောင်ကလည်း Fresh ဖြစ်စေတယ် သိပ်မမှောင်တော့လေ
ယောက Decoration အပိုင်းပဲ တာဝန်ယူခဲ့တာဆိုတော့ ဒီလိုလေးတွေကျ ပြင်ဆင်ထားမှန်းမသိခဲ့ဘူးရယ်

အဟွန်း ဟုတ်တယ် ယော ဒါက ဖွင့်ပွဲရက်မတိုင်ခင် တစ်ရက်အလိုက ကျွန်တော်တို့သူငယ်ချင်းတွေ ညနေပိုင်းမီးရောင်စမ်းကြည့်တာလေ အရောင်က သိပ်မကြိုက်တာနဲ့ အခုထွန်းထားတဲ့ မီးရောင်တွေစမ်းတပ်ကြည့်တာ အမြင်လည်းအေးတာနဲ့ ဒီမီးရောင်ကိုပဲသုံးလိုက်တော့တာ

ကောင်းတယ် ကိုသျှန် ကျွန်တော်လည်း သဘောကျတယ်
ကျွန်တော့်သူငယ်ချင်းတွေကိုပါ ညွှန်းပေးမယ် ဒီကောင်တွေ အခုတလော ညနေပိုင်းထိုင်မယ့် Barရှာနေတာ ကွက်တိပဲ

ကျေးဇူးပါကွာ

ရပါတယ်ဗျာ "

သျှန် ယောကို ငေးတာ ယောရဲ့ ဆဌမအာရုံက သိနေတယ်လေ
ကိုယ့်ကို အခုလိုငေးနေတာသိရတော့လည်း တစ်မျိုးလေးရင်ခုန်မိသား

"You are my Symphony"Where stories live. Discover now