"You are my Symphony"
Part-20✨🍏ယောတို့ အသားကင်ဝယ်ပြီးတာနဲ့ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ညဈေးကို ပတ်နေခဲ့သည်
လူအရမ်းများတာမို့ သျှန်က သူ့ကို တစ်မျိုးမထင်ဖို့ပြောပြီး ယောရဲ့ပုခုံးတစ်ဖက်ကို အသာလေးကိုင်ရင်း လူရှင်းတဲ့နေရာအထိ ခေါ်လာခဲ့သည်" ယော ကျွန်တော်တို့ဒီမှာခဏထိုင်ကြမလား လမ်းလျှောက်လာတာနည်းနည်း ကြာပြီဆိုတော့ ယော ညောင်းနေလောက်ပြီ
အင်း ထိုင်မယ်လေ သျှန်
ရော့ အသားကင် စား "ယောက သူ့ကို အသားကင်တွေထည့်ထားတဲ့ခွက်လေးကို ကမ်းပေးရင်း သူမပါ စားနေလေရဲ့
ဖွင့်ပြောဖို့လုပ်ထားတာတော့ဟုတ်တယ် ဘယ်ကစပြောရမလဲ
ယောတို့ထိုင်နေသည့် နေရာလေးက လူလည်းရှင်းပြီး လေတိုက်နေတာမို့ အသားကင်ထိုင်စားနေရတာ တစ်ကယ်အဆင်ပြေတယ်
လေလေးတဖြူးဖြူးမို့ ဇိမ်ပါပဲ....ယောသာစားလို့ကုန်တော့မည် သျှန် အခုထိ အသားကင်မစားရသေးပါ
" ဟိုလေ ယော .....
ဟင်....ပြောလေ သျှန်
ကျွန်တော် ယောကို ဝန်ခံစရာရှိတယ်
အွန်း......ဘာများလဲ သျှန် "
ယောက အသားကင်စားနေရင်း သူ့ကိုပြန်ဖြေနေလေတယ်" ကျွန်တော်.....
အင်း......"
ယောက သူ့ကိုကြည့်မနေဘဲ အသားကင်ကိုက်စားရင်း ဖြတ်သွားနေတဲ့လူတွေကိုသာ လိုက်ကြည့်နေလေသည်" ကျွန်တော် ယောကိုချစ်တယ် "
သျှန်က ငါ့ကိုချစ်တယ်တဲ့လား ဘာတွေဖြစ်ကုန်တာလဲ သဘောကျရုံလောက်ပဲထင်ထားတာ ချစ်တယ်တဲ့လား
သျှန်ရဲ့စကားကို ကြားကြားချင်း ယောမှာ ပါးစပ်ထဲက စားလက်စ အသားကင်တွေကို သျှန့်မျက်နှာဆီ မှုတ်ထုတ်မိတော့မလို့.....တော်ပါသေးရဲ့ အရှိန်ထိန်းနိုင်လိုက်လို့................
သျှန်ကတော့လေ စားနေတုန်းပြောရလား
ယော စိတ်ဆိုးသွားတာလားမသိဘူး သူ့ဖက်လှည့်မလာတော့ဘဲ တစ်ဖက်ကိုသာလှည့်နေသည်