"You are my Symphony"
Part-23✨🍏" သျှန် ဒီနေ့ ယောကိုသွားတွေ့ရင်း ကြုံခဲ့ရတဲ့အဖြစ်ကို ပြန်စဉ်းစားနေမိသည်
ဒါ တမင်သက်သက် ယောငယ်ဆီကိုဦးတည်ပြီးမောင်းလာတာ
ဘယ်သူက ယောငယ်ကို ထိခိုက်စေချင်တာလဲ????တွေးကြည့်ပေမယ့် ဘယ်သူ့ကိုမှစဉ်းစားမရသေး...မဖြစ်သေးဘူး ယောငယ်ကို အလုပ်သွားအလုပ်ပြန် အကြိုအပို့လုပ်ပေးမှဖြစ်မယ်....ယောငယ်ကို ထပ်ပြီး ထိခိုက်လာစေလို့မဖြစ်ဘူး
သူသာ ဒီနေ့ညနေ ယောငယ်ဆီမသွားဖြစ်ခဲ့ရင် .....
အတွေးတွေကို ချက်ချင်းဖျောက်ဖျက်ပစ်ကာ "အခု ယောငယ်က အန္တရာယ်ကင်းတယ် မင်းအဲ့လိုတွေမတွေးနဲ့ ဟုတ်တယ် မတွေးနဲ့...."🎶🎶🎶🎶🎶🎶🎶
လွမ်းလိုက်တာ ယောငယ်ရယ်........
ဖြစ်နိုင်ရင် ကိုယ် အခုမင်းကိုအပြေးလာတွေ့ချင်တာဗျာ
(သွားတွေ့လေ...လောက်စလုံးစာမိချင်ရင်ပေါ့🤭)ယော ဒီအချိန်လောက်ဆို မအိပ်သေးဘူးထင်တယ်....စာပို့ကြည့်မှပဲ....
မအိပ်သေးရင်တော့ ဖုန်းဆက်လိုက်မယ် အိပ်ပြီဆိုရင်တော့ Good night ပါလို့ပြောရင်း သူလည်း အိပ်ရာဝင်တော့မည်ယော Laptop နဲ့ Netflix ကနေ ဇာတ်ကားကြည့်နေတုန်း သျှန့်ဆီမှ SMS ဝင်လာလေသည်
တီမ်..........
"ယောငယ် အိပ်ပြီလားဗျ...."တင်းတောင်....
ယောငယ်ဆီမှ စာပြန်ဝင်လာသည်
" အိပ်သေးဘူး ဇာတ်ကားကြည့်နေတာ သျှန်..."တီး..တီး....
သျှန် ဖုန်းခေါ်လာတာပဲ....
" ဟဲလိုယောငယ် ဘာဇာတ်ကားကြည့်နေတာလဲဗျ
သရဲကားပါ....
ညဖက်ကြီးကို ယောငယ်ရယ်
ဟာသသရဲကားလေ အရမ်းရယ်ရတာသိလား သျှန်
ဟုတ်လား
အွန်း....တစ်ကယ်ပြောတာ သျှန်ကြည့်မလား ယောပို့ပေးလိုက်မယ်
ယောငယ် အဆင်ပြေရင်ပို့ပေးလိုက်ပါဗျာ....
အွန်း....အခုပို့လိုက်ပြီနော်....
ဟုတ်ကဲ့ပါဗျ.....
တအားတွေမယဉ်ကျေးပါနဲ့ သျှန်ရယ် ရင်းနှီးတဲ့သူတွေပဲဟာ ပေါ့ပေါ့ပါးပါးပေါ့ တဗျာဗျာနဲ့ မမောဘူးလားဟင်