"You are my Symphony"
Part-9✨🍏အလုပ်ကိစ္စတွေကြောင့် နားချိန်တောင် သိပ်မရပါ ဒီဇိုင်းတွေကို သေချာဆွဲနေရတာမို့ ဟာကွက်မရှိအောင် အာရုံစိုက်နေရသည်
ကုမ္ပဏီအလုပ်တွေအပြင် ကိုသျှန်တို့အပ်ထားတဲ့ ပြင်ပအလုပ်တစ်ခုကိုပါ လက်ခံထားတာကြောင့် အရင်ကထပ် နှစ်ဆအလုပ်များနေတာမို့ အရင်လို တည်တံ့နဲ့တောင် ရန်မဖြစ်အားသေးပါအငယ်ကောင်လည်း သူ့စာမေးပွဲတွေနဲ့အလုပ်ရှုပ်နေတာဆိုတော့ မောင်နှမနှစ်ယောက်စလုံး မအားတာကြောင့် အိမ်မှာတိတ်ဆိတ်နေလေသည်
ဖေကြီးနဲ့မေကြီးကတော့ ပြောပါတယ် သာလိကာမောင်နှမ အလုပ်များနေတာ အိမ်လေးက တရားစခန်းရောက်နေသလိုပဲတဲ့ 🤣
တီး...တီး....တီး...
"ဟဲလိုယော ကျွန်တော်ပါ
ဪ ကိုသျှန် ပြောပါ
ဒီဇိုင်းဆွဲရတာအဆင်ပြေရဲ့လားဗျ
ဟုတ်ကဲ့ ပြေပါတယ် ကိုသျှန် နောက်တစ်ပတ်ထဲတော့ ဒီဇိုင်းတွေကြည့်လို့ရပါပြီ ယော သေချာလေးဆွဲနေပါတယ်
ဟုတ်ကဲ့ ယော သေချာအချိန်ယူပြီးဆွဲပါ လောဖို့မလိုပါဘူး ကုမ္ပဏီအလုပ်တွေလည်းရှိသေးတာ အေးဆေးဆွဲလို့ရပါတယ် "
ဒူးရင်းသီးမျက်နှာက မဆိုးဘူး နားလည်မှုရှိသားပဲ
"ဟုတ်ကဲ့အခုလိုနားလည်ပေးတဲ့အတွက် ကျေးဇူးပါ ကိုသျှန်
ရပါတယ် မလိုပါဘူး
ဒါနဲ့ ယော .....
ဟုတ်ကဲ့ ပြောပါ ကိုသျှန် "
ဖုန်းနဲ့ပြောတာထပ် အပြင်မှာတွေ့ပြီးပြောတာက ပိုကောင်းပါတယ်လေ
"ဘာမှမဟုတ်တော့ပါဘူး ယော
ယောအလုပ်လုပ်နေတာဆိုရင် ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်ဟုတ်ကဲ့ ကိုသျှန်
ဟုတ်ကဲ့ "
ဟူး....ပူတင်းရုပ်နဲ့ဖုန်းပြောရတာ ရင်တုန်နေတာပဲ
စာမေးပွဲခန်းထဲက ထွက်လာရသလိုဖြစ်နေတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" အလုပ်တွေပင်ပန်းတိုင်း စားပွဲပေါ်တင်ထားသည့်
ငယ့်ပုံလေးအား အမြဲငေးကြည့်မိသည်