"You are my Symphony"
Part-35✨🍏" မမ.....သားဝင်လာမယ်နော်...."
တည်တံ့ မမအခန်းတံခါးကိုခေါက်ပြီး ဝင်ခွင့်တောင်းလိုက်ပေမယ့် မမရဲ့ပြန်ဖြေသံကို မကြားရပါ။
တည်တံ့ အခန်းတံခါးကို ဖွင့်ဝင်လိုက်လျှင်ပဲ တွေ့လိုက်ရတာက မမဟာ ကုတင်ခြေရင်းမှာ ထိုင်ပြီး ငိုနေတာပါပဲ.....။
ကိုသျှန် သူတို့အနားကနေ ထွက်သွားပြီးကတည်းက မမဟာ ကုမ္ပဏီသွားတာကလွဲရင် အပြင်ထွက်တာမရှိပေ။ အခန်းထဲပဲနေတာများသည် ။
" မမ......သား မမအတွက် မုန့်လေးတွေလုပ်လာတယ်....မိုင်လိုလေးနဲ့စားလိုက်နော်...."
မမက ခေါင်းရမ်းပြသည်။ မစားချင်ဘူးဆိုသည့်သဘော။
" မစားလို့မရဘူးလေ မမ အခုထိ နေ့လည်စာလည်းမစားရသေးဘူးဟင့်အင်း....ပြန်ယူသွားလိုက်ပါ တည်တံ့ မမ အေးဆေးနေချင်တယ်...."
ယောရဲ့မိဘနှစ်ပါးလည်း သမီးဖြစ်သူကိုကြည့်ပြီး ရင်ထဲမကောင်းပါ....မျက်စိတမှိတ်အတွင်းမှာ ဖြစ်ပျက်သွားတာတွေက ဘယ်လိုမှယုံကြည်ဖွယ်ရာမရှိပေ....သို့သော် လက်မခံလို့မရအောင် သက်သေရှိနေတော့ လက်မခံချင်လည်း လက်ခံလိုက်ရသည်
တည်တံ့ အခန်းဝကိုလှမ်းကြည့်မိတော့ ဖေကြီးတို့က သူ့အား ထွက်လာရန် အမူအယာပြနေသည်မို့ မမအတွက်ပြင်လာသည့် ဗန်းလေးကို စားပွဲပေါ်တင်ခဲ့ကာ ထွက်လာခဲ့လိုက်သည်
" သမီးကြီး အေးဆေးနေပါစေ သားငယ်
ဒါပေမယ့် မမက .....
သားငယ် စိုးရိမ်တာသိပါတယ် ဒါပေမယ့် သားမမအတွက် ဖြစ်ပျက်သွားတာတွေကို လက်ခံနိုင်ဖို့ အချိန်လိုအပ်တယ်လေ
လွှတ်ထားပေးလိုက်ပါ ဖေကြီးတို့ရဲ့ သမီးလေးက အချိန်အကြာကြီး မပြိုလဲပါဘူး သူ့ကိုယ်သူလက်ခံနိုင်တဲ့နေ့ရောက်လာမှာပါ....."" ကွဲအက်သွားတဲ့နှလုံးသားက ပြန်ကောင်းလာဖို့ အချိန်လိုအပ်သည်လေ...အက်ကြောင်းရာပေါ်မူတည်ပြီးတော့ပေါ့...."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ငါတို့သူငယ်ချင်းကို ဆုံးရှုံးလိုက်ရတာကို ဘယ်လိုမှမယုံနိုင်သေးဘူး