Part-13✨🍏

49 2 0
                                    

"You are my Symphony"
Part-13✨🍏

" ငယ် အပြန်ကို ကားမပါလာဘူးမလား ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ

ရတယ် မလိုဘူး တည်တံ့လာကြိုမှာ
ကိုမင်းဆက်ထင် အလုပ်တွေရှိသေးတယ်လေ လိုက်ပို့ပေးစရာမလိုပါဘူး နောက်ပြီး အပြုအမူကအစ ဆင်ခြင်ပေးပါ မလိုလားအပ်တဲ့သတင်းတွေ ထွက်လာမှာကို မလိုချင်ဘူး

အကယ်၍ ထွက်လာခဲ့ရင်လည်း အမှန်ပဲလေ ငယ်ရယ် ကိုယ်က မင်းကိုချစ်နေသူပဲဟာ မှားမှမမှားတာဗျ

ကိုမင်းဆက်ထင် ရှင် ကား Accident ဖြစ်ပြီးကတည်းက ဦးဦးနှောက်လွတ်သွားတာလား
ရှင့်ရဲ့အပြုအမူနဲ့ စကားတွေက ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်
ဒါ့ကြောင့်ရှင် ဆင်ခြင်ပေးပါ

အိုကေပါဗျာ နောက်မဖြစ်စေရပါဘူး ကိုယ်သတိထားပါ့မယ်
ဒါပေမယ့် မင်းကိုကြိုးစားနေတာကိုတော့ ရပ်မှာမဟုတ်ဘူးနော် ငယ် "

‌အဟွန်း ငယ်က သူ့ကို ဘာမှပြန်မပြောချင်တော့လို့ ထင်သည်
သူမလွယ်အိတ်လေးကို ကောက်လွယ်ကာ ရုံးခန်းထဲမှ ထွက်သွားဖို့ပြင်နေလေသည်

" ကုမ္ပဏီရှေ့ထိတော့ ကိုယ်လိုက်ပို့ပေးပါရစေ ငယ်

မလိုပါဘူး ရတယ်

ဒါပေမယ့် ကိုယ်က မရဘူး
သွားကြမယ် ကိုယ်ရှေ့ကသွားနှင့်မယ်နော် မင်းနောက်ကလိုက်ခဲ့လိုက် ငယ် "

ကျစ်စ် ဒီလူက ဘယ်လိုမှပြောမရပါလား
အခုလိုတွေလုပ်လို့ ကျွန်မ ရှင့်‌အပေါ်စိတ်ပြန်လည်လာလိမ့်လို့ ထင်နေရင် ရှင်မှားနေပြီ မင်းဆက်ထင်
ကျွန်မကို ပိုစိတ်ကုန်လာစေတာပဲရှိမယ်

စိတ်ရှုပ်ရလို့ အရင်လို "အစ်ကို"ဟုတောင် မခေါ်ဖြစ်တော့ပေ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဟဲလို သျှန်..."

မင်းဆက်ထင် ငယ့်အနားသို့ မသိမသာတိုးကပ်သွားရင်း နားစွင့်ထားမိသည်

" ယော အခုရုံးဆင်းပြီလား

အင်း တည်တံ့လာကြိုတာကိုစောင့်နေတာ

ဒါဆို ကျွန်တော်အရင်လာကြိုပေးရမလား ယော
တည်တံ့ကို ကျွန်တော့်ဆိုင်ကိုပဲလာခဲ့ခိုင်းလိုက်မလား
ယော စောင့်နေရမှာစိုးလို့လေ
နောက်ပြီး ကျွန်တော်လည်း မြောက်ဥက္ကလာပဖက်ရောက်နေတာဆိုတော့ "

"You are my Symphony"Where stories live. Discover now