Part-37 ✨🍏

34 1 0
                                    

"You are my Symphony"
Part-37✨🍏

" မောင်......ယောလေ မောင့်ကို သိပ်လွမ်းတာပဲ သိလား......မောင့်ကိုယ်ငွေ့နွေးနွေးလေးရယ် မောင့်လက်ဖဝါးနွေးနွေးလေးရယ် မောင့်စကားသံအေးအေးလေးရယ် မောင့်အပြုံးချိုချိုလေးရယ်ကိုလေ သိပ်လွမ်းတာပဲ.....မောင် ဘာလို့ ယောအနားကနေ ထွက်သွားရတာလဲဟင်.....

မောင်နဲ့ ယောရဲ့ အတူရှိချိန်တွေက တစ်ကယ်တမ်းရေတွက်ကြည့်မယ်ဆိုရင် နည်းခဲ့တာနော်
မောင်နဲ့ဒီထပ်သာအတူရှိခွင့်ရခဲ့ရင် ယောလေ မောင့်အနားမှာ အမြဲနေနေခဲ့မှာ.....အခုကျ ဝမ်းနည်းဖွယ်ရာ နေ့ရက်တွေကို ယောတစ်ယောက်တည်း ဖြတ်သန်းနေရတာ ပင်ပန်းလွန်းတယ် မောင်ရယ်.......

ယောလေ မောင့်ရင်ခွင်နွေးနွေးလေးကို တစ်ကယ်လွမ်းတယ် ..... မောင် အမြန်ဆုံး ယောဆီ ပြန်လာခဲ့ရမယ်နော်......ယော မောင့်ကို စောင့်နေတာ မောင်သိတယ်မလား....."

အရာအားလုံးက သူ့အရာနဲ့သူ ပုံမှန်ဖြတ်သန်းနေကြပေမယ့် ယောကတော့ မောင်‌ သေချာပေါက် ပြန်လာမယ်ဆိုတာ နှလုံးသားထဲကကို ယုံကြည်နေမိသည်.......❤️

🎶🎶🎶🎶🎶🎶🎶

" မမ....

ဟင်.....

ဧကရာဇ်ပန်းတွေ ပွင့်နေပြီလေ....သွားမကောက်တော့ဘူးလား.....

အင်း.....သွားကောက်မယ်လေ တည်တံ့ရော လိုက်မလား

အင်း သား လိုက်ခဲ့မယ်လေ ဘုရားလည်းကပ်ရအောင် များများကောက်ခဲ့ကြမယ်

အိုကေ ဒါဆို မမ ပန်းကောက်နေကြ ခြင်းသွားယူလိုက်ဦးမယ်....

ဟုတ် မမ...."

ခြံညာဖက်‌ထောင့်ရှိ ဧကရာဇ်ပန်းပင်အောက်သို့ မောင်နှမနှစ်ယောက် ပန်းခြင်းလေးယူပြီး ရောက်လာခဲ့သည်

ပန်းတွေက မိုးရွာထားသည့်အရှိန်ဖြင့် မိုးရေစက်တို့စိုကာ အပင်အောက်၌ ဖွေးဖွေးလှုပ် ကြွေကျပြန့်ကျဲနေသည်

အပင်အောက်သို့ မရောက်ခင်ကပင် ပန်းရနံ့တို့က လေတိုးဝေ့လိုက်တိုင်း သင်းပျံ့သည့် ပန်းရနံ့ကို သယ်ဆောင်လာတာမို့ ရှုရှိုက်မိလိုက်တိုင်းမှာ စိတ်ကိုကြည်လင် လန်းဆန်းသွားစေသည်

"You are my Symphony"Where stories live. Discover now