Part-43✨🍏

33 2 0
                                    

"You are my Symphony"
Part-43✨🍏

မမလေး ခိုင်းတဲ့အတိုင်း ကျော်မင်းနဲ့ဘသစ် သျှန်ခိုက်မင်းထည်ရှိနေသည့် အိမ်ကို ရောက်လာခဲ့ကြသည်

ခြံရှေ့မှ မယောင်မလည်နဲ့ အကဲခတ်ကြည့်တော့ ခြံထဲ၌ လူမတွေ့ရပေ.....
ကြည့်ရတာ အိမ်ထဲမှာပဲ နှစ်ယောက်စလုံး ရှိနေလိမ့်မည်

ဘသစ်နဲ့ကျော်မင်း တစ်ယောက်ချင်းစီ လှုပ်ရှားဖို့ သဘောတူလိုက်ပြီး သူတို့ကို ဘယ်သူမှမတွေ့ခင် ခြံစည်းရိုးခုန်ကျော်၍ တိတ်တဆိတ် ခြံထဲသို့ ဝင်လာခဲ့သည်

အိမ်ထဲသို့ မဝင်သေးဘဲ အပြင်ဖက်ကနေ အိမ်ထဲသို့ အခြေအနေ အရင်အကဲခတ်လိုက်သည်

သျှန်ခိုက်မင်းထည်ရော ဟိုစံမင်း(ဇင်မင်း) ဆိုတဲ့အကောင်ရော ဧည့်ခန်းမှာ ထိုင်စကားပြောနေကြတာပဲ....
အဆင်သင့်တာပေါ့....နှစ်ယောက်စလုံး တစ်နေရာတည်းမှာရှိနေတော့ သတ်ရတာပိုမြန်ဆန်သွားတာပေါ့လေ....
သျှန်ခိုက်မင်းထည် မင်းကိုနာကျင်မှုဆိုတာ ဘာလဲပြပေးမယ် ထွက်ပြေးနိုင်တဲ့မင်းခြေထောက်ကို ငါအရင်ရိုက်ချိုးပစ်မှာ.....

သျှန်နဲ့ ကိုဇင်မင်း နှစ်ယောက်စလုံး ဧည့်ခန်းမှာ ထိုင်နေရင်း နောက်မှ စောင့်ကန်ခြင်းကို ခံလိုက်ရသည်

" ခင်ဗျားတို့.....

ဘယ်လိုလဲ မင်းတို့ သိပ်အံ့ဩသွားလား......

ကိုသျှန် သတိထား......ဒီလူတွေ အလကားဒီရောက်လာတာမဖြစ်နိုင်ဘူး

အိုး...
သိပ်မှန်တာပေါ့ စံမင်းရာ....အိုး..ဆောရီး မင်းနာမည်အစစ်က ဇင်မင်းပဲ...

ခင်ဗျားတို့နဲ့ ဒီကိစ္စက ဘာမှမဆိုင်ဘူးနော် အခု အိမ်ထဲကနေ ချက်ချင်းထွက်သွားပါ
အသာတကြည်ထွက်သွားရင် ခင်‌ဗျားတို့ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရမယ် ....မဟုတ်ရင်တော့ ခင်ဗျားတို့ကို ခိုင်းတဲ့ ပန်းမြတ်ခြွေလို ပြစ်ဒဏ်များမှာပဲ
ဘယ်လိုလဲ.....

ဆောရီးပဲ ဇင်မင်း....ငါတို့က ခိုင်းတဲ့အတိုင်းလုပ်ပေးရမှာပဲ...မင်းစကားတွေက ငါတို့အတွက် အသုံးမဝင်ဘူး....

ဟေ့ကောင် ကျော်မင်း ကြာတယ်ကွာ စတော့...."

ကျော်မင်းက ဘသစ်စကားအဆုံးမှာ ဇင်မင်းဆီ ဓားဦးချွန်ကို အသင့်ပြင်ပြီး ပြေးဝင်လာခဲ့သည်
ဇင်မင်း အမြန်ရှောင်လိုက်တာမို့ ထိမသွားပေ....

"You are my Symphony"Where stories live. Discover now