Part-36✨🍏

37 2 0
                                    

"You are my Symphony"
Part-36✨🍏

‌မင်းက ငါ့ချစ်သူပါဆိုပြီး ဘယ်တုန်းက သတ်မှတ်ခဲ့ဖူးလို့လဲ.....
သောက်ရူးစကားတွေ လာပြောနေတာပဲ....

" ဖြစ်ရောဖြစ်နိုင်လို့လား....."

မောင့်မေးခွန်းကြောင့် ‌ခြွေ အနည်းငယ်တော့ အိုးတိုးအန်းတန့်ဖြစ်သွားမိသည်

" မောင် ခြွေ့ကိုမယုံကြည်ဘူးလား.....

မယုံကြည်တာထပ် မင်းသာ ငါ့ချစ်သူဆိုရင် ငါ့ဖက်က မင်းနဲ့ပက်သက်ပြီး စိမ်းသက်တယ်လို့ခံစားနေရစရာမလိုဘူးလေ....ငါပြောတာဟုတ်တယ်မလား

အဟွန်း ဒါက အခုမှ မောင် သတိပြန်ရလာလို့လည်းဖြစ်မှာပါ....မောင် သတိမေ့နေတာတစ်ပတ်လောက်ရှိနေပြီလေ....အဲ့တော့ နည်းနည်းစိမ်းသက်နေတာလည်းဖြစ်နိုင်ပါတယ်....
ကဲ ခြွေ မောင့်အတွက် ဒေါက်တာ့ကို ခေါ်ပေးမယ် မောင် ခဏစောင့်နေနော် ခြွေ ပြန်လာခဲ့မယ်...."

ခြွေ အခန်းအပြင်ကိုရောက်တော့မှ မောင့်အခြေအနေကို စဉ်းစားမိသည်
ဦးခေါင်းကို အပြင်းအထန်ထိခိုက်မိတာလည်း မရှိပဲနဲ့ မောင်က ဘာလို့ အတိတ်မေ့သွားရတာလဲ ထူးဆန်းလိုက်တာ

ပန်းမြတ်ခြွေ အခန်းထဲကထွက်သွား‌တော့  သျှန် ဆက်သွယ်လို့ရနိုင်မယ့် ဖုန်းရှိမလားဆိုပြီး ဝေ့ဝဲကြည့်မိပေမယ့် မရှိပါ.....သျှန် ခြေထောက်ကလည်း လှုပ်ရှားလို့ သိပ်မရသေးတာကြောင့်  ကိုယ်တိုင်ထရှာဖို့ကလည်း မဖြစ်နိုင်သေးပေ....

" မောင်.....

လူနာက ပြန်သတိရလာပြီဆိုတော့ စိတ်ပူနေသလိုမဖြစ်လာတော့ပါဘူး မပန်းမြတ်ခြွေအနေနဲ့ စိတ်အေးထားလို့ရပါပြီ....

ဒါပေမယ့် ဒေါက်တာ မောင်က ကျွန်မကိုတောင် မမှတ်မိဘူးဖြစ်နေတယ် ....

သူ့မိသားစုဝင်တွေကိုရော မှတ်မိရဲ့လား

ဒါတော့ ကျွန်မ မောင့်ကိုမမေးကြည့်ရသေးဘူး

ကဲ ကိုသျှန်ခိုက်မင်းထည်....

ကျွန်တော့်နာမည်က သျှန်ခိုက်မင်းထည်ပေါ့

ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းတစ်ကယ်မမှတ်မိဘူးလား

"You are my Symphony"Where stories live. Discover now