Part-2✨🍏

124 7 0
                                    

"You are my Symphony"
Part-2✨🍏

"မေကြီးတို့အရင်ပြန်နှင့်ရေ သူငယ်ချင်းတွေက ဘွဲ့ယူတဲ့နေ့ နှုတ်ဆက်ပွဲလုပ်ချင်လို့တဲ့ အဲ့တာပြီးမှ သမီးပြန်လာခဲ့မယ်

မရဘူး မမ သားတို့နဲ့ပြန်လိုက်ခဲ့ အဝတ်အစားလဲပြီးမှ နှုတ်ဆက်ပွဲကိုသွားပါ အခုမမဝတ်ထားတာက ကြာလာရင် အိုက်လာလိမ့်မယ် ပေါ့ပေါ့ပါးပါးဖြစ်မယ့် အဝတ်အစားလေးပြန်လဲလိုက်လေနော် မမ

အမယ် ငါ့မောင်လေးက အမြင်ရှိသားပဲ မဆိုးဘူး မမမောင်လေးက လိမ္မာလိုက်တာ

လိမ္မာရင် မုန့်ဖိုးပေး

အရူးကောင်လေး အဲ့အကွက်ကိုချောင်းနေတာ ပြန်ရောက်မှမုန့်ဖိုးပေးမယ်

သေချာတယ်နော် မမ နောက်မှမသိချင်ယောင်မဆောင်နဲ့

အေးပါဟယ် အစ်မဆီက မုန့်ဖိုးတောင်းတာ ဓားပြတိုက်နေတာကျနေတာပဲ "

"ယောရေ Group Photo ရိုက်ရအောင်လေ

သမီးသူငယ်ချင်းတွေခေါ်နေပြီ သွားလိုက်ဦး

ဟုတ် "

"ဒါနဲ့ အကြည်ရေ ငါ ချက်ချင်းတော့နင်တို့နဲ့မလိုက်ဖြစ်တော့ဘူး

ဟင် ဘာဖြစ်လို့လဲ အန်ကယ်တို့ကခွင့်မပြုဘူးလား

မဟုတ်ဘူး ငါ အဝတ်အစားပြန်လဲချင်လို့ ပြီးမှ ငါလာခဲ့မယ် နေရာကို message ပို့ထားလိုက်နော်

အေးပါ အေးပါ လာလာ အမှတ်တရအဖြစ် ဓာတ်ပုံရိုက်ကြမယ်

အင်း "

"မင်းဆက်
ခင်သက်တို့ပြောတာ ခဏနေ နှုတ်ဆက်ပွဲရှိတယ်တဲ့ မင်းလိုက်မှာလား

ငယ်ရောလိုက်မှာတဲ့လား

မင်းအခေါ်အဝေါ်ပြောင်းသင့်နေပြီနော် မင်းဆက်
မှားခေါ်မိနေမှ စိတ်ဆိုးနေဦးမယ်

အဲ့တာခဏထားကွာ မင်းလိုက်မှာလားမလိုက်ဘူးလား မင်းဆက်

ငါမေးတာအရင်ဖြေလေ ငယ်ရောလိုက်မှာလားလို့

အေး လိုက်မှာတဲ့ သူ့အိမ်တော့ ခဏပြန်ဦးမယ်လို့ပြောတယ်

အင်း ဒါဆို ငါလည်းလိုက်မယ် "

"You are my Symphony"Where stories live. Discover now