"You are my Symphony"
Part-29✨🍏" သားငယ်.....
လက်ထဲမှာလည်း ချိုင့်တွေနဲ့ ဘာတွေတုန်းသားရဲ့ငါ့သား သင်္ကြန်လည်ရင်း စတုဒီသာကျွေးသမျှ ပတ်ယူလာတာလား
အဟွန်း မဟုတ်ပါဘူး ဖေဖေရာ ဒါက သားတို့တွေစုပြီး ယောငယ်တို့လမ်းထိပ်မှာ စတုဒီသာကျွေးတဲ့မုန့်တွေပါဗျ......
မြေးတို့အလှူလုပ်ခဲ့ကြတာပေါ့လေ
ဟုတ်တယ် ဘွားရဲ့ သားတို့တွေ သင်္ကြန်ရက်နောက်ဆုံးနေ့လေးကို စတုဒီသာကျွေးဖို့ စီစဉ်လိုက်တာလေ ဒီအတိုင်းလျှောက်လည်ရင်လည်း အချိန်တွေကုန်သွားမယ့်အတူတူ အလှူလုပ်လိုက်တာ
ကောင်းတယ် ကောင်းတယ် လူငယ်တွေဆိုပေမယ့် အပျော်အပါးသိပ်မမက်ကြတာကောင်းတယ် သားတို့လည်း ကုသိုလ်တွေနဲ့ သင်္ကြန်ရက်လေးကို အဆုံးသတ်ခဲ့တာပေါ့
အဟွန်း ဟုတ်တယ် ဘွားရဲ့.....
ဘွား မုန့်လက်ဆောင်းလေး မြည်းကြည့်ပါဦးအမေက ဆီးချိုရှိတယ်လေ သားရဲ့ အချိုတွေမကျွေးနဲ့လေ
အမလေးအေ နည်းနည်းပါးပါးစားတာလောက်က ဘာမှမဖြစ်ပါဘူး ဆေးသောက်လိုက်ရင် ရပါတယ်
သမီးက စိုးရိမ်လို့ပါ အမေရယ်
မပူနဲ့ မပူနဲ့
ဘွား သောက်လို့ရပါတယ် မေမေရဲ့ မုန့်လက်ဆောင်းကို ထန်းလျက်ရည်အချိုပေါ့ထားလို့ သိပ်မချိုဘူး
ဟုတ်လား မေမြည်းကြည့်ဦးမယ်
ရော့ မေမေ မုန့်လုံးရေပေါ်လေးပါ စားကြည့်ပါဦး
အင်း ဟုတ်သားပဲ ဒါပေမယ့် အမေ အများကြီး မသောက်ရဘူးနော်
သိပါတယ်အေ
ဖေဖေလည်း စားကြည့်ပါဦး
အေးပါ ခုနက မြည်းကြည့်ထားတယ် သားတို့လက်ရာကောင်းသားပဲကွ
ကဲကဲ သားလည်း ပင်ပန်းလာတာ သွားနားတော့လေ ခဏနေမှ ညနေစာစားဖို့ လာခေါ်ခိုင်းလိုက်မယ်
ဟုတ် ဒါဆို သား အပေါ်တက်ပြီနော်
အေးအေး သား "