"You are my Symphony"
Part-42✨🍏ခြွေ အခု ရဲလွင်တို့နဲ့အတူ မြို့ပြင်က ဂိုထောင်ကို ရောက်နေတာဖြစ်သည်
ဒီမှာက မြို့ထဲမှာ ပုန်းကွယ်နေတာထပ်စာရင် အန္တရာယ်ကင်းသည် မဟုတ်လား....ခြွေရှိနေသည့် နေရာကို အလွယ်တကူရှာတွေ့ဖို့ဆိုတာ ခြွေကိုယ်တိုင် မြို့ထဲသွားမှသာ ဖြစ်လိမ့်မည်..............." မမလေး.....ဘသစ်နဲ့ ဇော်ခန့်ကို ခေါ်လာပါပြီ....."
ရဲလွင်တို့ ထိုးကြိတ်ထားသည့် ဒဏ်ကြောင့် ဘသစ်နဲ့ဇော်ခန့် မျက်နှာတစ်ခုလုံး ဖူးယောင်နေပြီး ခန္နာကိုယ်နေရာအနှံ့လည်း နာကျင်မှုကို ခံစားနေရသည်
" မမလေး....ကျွန်တော်တို့ နောက်ကိုအဲ့လိုမဖြစ်စေရပါဘူးလို့ ကတိပေးပါတယ်.....
သေချာတယ်နော်....ဒီတစ်ခါထပ်ပြီး အခွင့်အရေးပေးလိုက်မယ်
သေချာမှတ်ထား...ငါခိုင်းတဲ့အလုပ်ကို ထပ်ပြီးတာဝန်ကျေအောင် မလုပ်နိုင်ခဲ့ရင် ဒီတစ်ခေါက်ခံယူရမယ့် အပြစ်ဒဏ်က သေဒဏ်ပဲ.....
နင်တို့အားလုံး သေချာမှတ်ထားကြ....ဟုတ်ကဲ့ပါ မမလေး.....
ကောင်းတယ်.....
ကျော်မင်း ငါစုံစမ်းခိုင်းထားတာ ဘာသိခဲ့ရလဲ......သုံးရက်တောင် ငါအချိန်ပေးထားတာနော်ဟုတ်ကဲ့ .....သေချာစုံစမ်းနေရလို့ပါ မမလေး....မမလေးထင်နေသလိုပါပဲ.....သျှန်ခိုက်မင်းထည်က မင်းဆက်ထင်အိမ်မှာရှိနေပါတယ်....ရန်ကင်းအိမ်မှာပါ
တောက်ခ်.....ဒီလူက သူနဲ့ဘာမှမဆိုင်တဲ့ကိစ္စကို တမင်သက်သက်ဝင်ရှုပ်တာပဲ
သေချင်နေပြီထင်တယ်....ငါထင်တာမမှားဘူးဆိုရင် ယောရွက်ငယ်အတွက် ငါ့ကိစ္စမှာ မင်းဆက်ထင် ဝင်ပါတာပဲဖြစ်ရမယ် မဟုတ်ရင် ဝင်ပါစရာအကြောင်းမှ မရှိတာ ဒီမယားတရူးကို သေအောင် သွားသတ်လာခဲ့ ရဲလွင်
အရင်စည်းဘောင်ကျော်လာတဲ့လူဆိုတော့ အပြစ်ပေးရမှာပေါ့....အဟက်....ဟုတ်ကဲ့ မမလေး...."
ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ဝင်ပါတဲ့လူအတွက် သေလမ်းပဲရှိတယ် မင်းဆက်ထင် ရှင့်အတွက် မရဏမင်းကို စေလွှတ်ပေးလိုက်ပြီ ကံကောင်းပါစေ.......အဟင်း....