Part-41 ✨🍏

33 3 0
                                    

"You are my Symphony"
Part-41✨🍏

ဒေါက် ဒေါက် ဒေါက်.....

သျှန် စာအုပ်ဖတ်နေရင်း အခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်

" ကိုသျှန်.....အိပ်နေပြီလားဗျ...."

ကိုဇင်မင်း တံခါးခေါက်တာပဲ ဘာကိစ္စရှိလို့ပါလိမ့်

သျှန် အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ ကိုဇင်မင်းက အခန်းတံခါးရှေ့၌ ဖုန်းကိုင်လျက်ရှိနေသည်

" မမလေး ဖုန်းဆက်တယ် ကိုသျှန်နဲ့စကားပြောမလို့လို့ပြောတယ်ဗျ

ယောငယ် ဆက်တာလား

ဟုတ်တယ် ကိုသျှန်...."

တစ်ဖက်မှ ကြားနေရသည့် သားဖြစ်သူအသံကြောင့် သျှန့်မိဘတွေ ဝမ်းသာမျက်ရည် မဆည်နိုင်ဖြစ်ရသည်

သူမတို့သားလေး တစ်ကယ်အသက်ရှင်နေတာပဲ....ဝမ်းသာလိုက်တာ သားရယ် .....

" ကျွန်တော် ဧည့်ခန်းမှာရှိနေမယ် ကိုသျှန်

ဟုတ်ကဲ့ ဖုန်းပြောပြီးရင် ကျွန်တော် လာပေးပါ့မယ်

ဒါဆို ခွင့်ပြုပါဦး

ဟုတ်ကဲ့ ကိုဇင်မင်း...."

" ဟဲလို မောင့်ယောငယ်....

မောင်....အန်တီနန်းတို့နဲ့ စကားပြောလိုက်ပါဦးနော်...

ဟင်....မေမေတို့က မောင့်ယောငယ်တို့အိမ်မှာလား

အင်း ဟုတ်တယ် မောင် မောင့်အကြောင်းကို ဒီနေ့ညနေပဲ ထမင်းစားဖိတ်ပြီး ပြောပြလိုက်ပြီ

မြေးလေး....တစ်ကယ် ဘွားမြေးလေးပါနော်

ဘွား နေကောင်းတယ်နော်

နေကောင်းပါတယ်ကွယ် သားဆုံးပြီဆိုတာကို ဘွား ဘယ်လိုမှလက်မခံနိုင်ခဲ့ဘူးကွယ်....

မငိုပါနဲ့ ဘွားရဲ့ သား ဘွားတို့ဆီ သေချာပေါက်ပြန်လာခဲ့မှာ အခု သားအသက်ရှင်နေသေးမှန်း ဘွားသိရပြီဆိုတော့ အရင်လို သားစိတ်နဲ့ ကျန်းမာရေးဂရုမစိုက်သလို မနေရဘူးနော် သားပြန်လာတဲ့အခါ ဘွား ကျန်းကျန်းမာမာရှိနေတာကိုပဲ သား မြင်ချင်တယ်

ဟုတ်ပါပြီ မြေးရယ် မြေးလည်း နေကောင်းတယ်မလား ကားတိုက်မှုကနေ ဒဏ်ရာတွေရတာရော သက်သာရဲ့လား

"You are my Symphony"Where stories live. Discover now