"You are my Symphony"
Part-12✨🍏တည်တံ့ဖုန်းကို မကိုင်ခင် ယောဆီကို ပန်းစည်းတစ်စည်း လာပို့သွားတာကိုတော့ မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်
" ဟဲလို ကိုသျှန်...ကျွန်တော်ပါ
ဪ ညီလေး
ညနေ ကိုသျှန် အချိန်ရလားဗျ
အင်း ရပါတယ် အစ်ကို ညနေကိုတော့ ဆိုင်မှာပဲရှိနေမယ်
ဒါဆို ကျွန်တော် အစ်ကို့ဆိုင်ကိုလာခဲ့မယ်
ယောက အစ်ကို့ဆိုင်ကို လိုက်မလာဘူးနော် တည်တံ့ သူ ကုမ္ပဏီကနေတစ်ဆင့် အိမ်တန်းပြန်မှာလို့ ပြောတယ်
မဟုတ်ဘူး ကိုသျှန် ကျွန်တော် အစ်ကို့ဆီပဲ လာတာ
အာ...ဟုတ်ပြီ ဟုတ်ပြီ
မမကို ပြန်မပြောနဲ့နော် ကိုသျှန်
အေးပါကွာ...."
သျှန် တည်တံ့နဲ့ဖုန်းပြောပြီးတာနဲ့ ယော ထိုင်နေတဲ့နေရာဆီသို့ ပြန်လျှောက်လာခဲ့သည်
" သျှန် အပြင်ဖက် ဒီဇိုင်းအပြင်အဆင်တွေကရော ဘယ်လိုနေလဲ ဒီဇိုင်းဆွဲထားတာတွေက လက်တွေ့ပြင်ထားပြီးပြီဆိုတော့ သဘောကျရဲ့လား
ဘယ်နားပြင်ချင်သေးလဲမရှိဘူး လုံးဝအဆင်ပြေတယ် ထောင့်တွေကို အလွတ်ထားထားတာက ပန်းအိုးတွေထားမလို့လား ယော
အင်း အမြင်လှအောင်လို့လေ နောက်ပြီး လူငယ်ပိုင်းတွေက အဓိကထားလာမှာဆိုတော့ အထူးသဖြင့် မိန်းကလေးတွေ ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာလေးတွေပြင်ဆင်ထားရင် နာမည်ရလာမယ့် Barတစ်ခုဖြစ်လာလိမ့်မယ် သျှန်
လူငယ်တွေက သူတို့သဘောကျပြီဆိုရင် အချင်းချင်းပြန်ညွှန်းပေးလေ့ရှိတယ်လေအဟွန်း ယောက အခုလိုကူစဉ်းစားပြီး ပြင်ဆင်ပေးတာကို ကျေးဇူးတင်ပါတယ်ဗျာ
မလိုပါဘူး ယောက ကိုယ့်တာဝန်ကို အကောင်းဆုံးလုပ်ပေးရုံပါ
အင်း....
ဒါနဲ့ ပန်းစည်းလေးက လှသားပဲ ယောအွန်း...အသိတစ်ယောက်ပို့ပေးတာလေ
ဟုတ်ကဲ့..."
ယောက အသိတစ်ယောက်လို့သာပြောပေမယ့် ပန်းစည်းပုံစံကြည့်ရတာ သာမန်အသိတစ်ယောက်တော့ဟုတ်ပုံမရဘူး🤔
(သျှန်တို့ ဆဌမအာရုံသုံးနေပါပြီ👀)