Part-10✨🍏

69 2 0
                                    


"You are my Symphony"
Part-10✨🍏

" ယော‌ ဆေးရုံသို့ရောက်လာသည့်အချိန်မှာ ကိုကိုဟာ ကုသမှုခံယူပြီးပြီဖြစ်တာကြောင့် လူနာခန်းထဲသို့ ရွှေ့ထားပြီဖြစ်သည်

ကုတင်ပေါ်မှာ လဲနေသည့် ကိုကိုဟာ ဖြည်းညင်းစွာ အသက်ရှုနေတာကလွဲ၍ သတိပြန်မရလာသေးပေ

ဆရာဝန်ပြောပြချက်အရ ခဏတော့ စောင့်ကြည့်ရမည်တဲ့လေ
ဘာလို့ဆို ယာဉ်တိုက်မှုက မပြင်းထန်ပေမယ့် ယာဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ ကိုကိုက ခါးပတ်မပတ်ထားတာကြောင့် နည်းနည်းတော့စိုးရိမ်ရသည်ဟု ပြောပြသွားသည်

" ဘာလို့လဲ ယောကို နာကျင်ရင်းထပ်နာကျင်စေချင်တာလား
ပြန်နိုးလာခဲ့ပေးပါ သည်လို ကုတင်ပေါ်မှာ အိပ်မနေနဲ့လေ ကိုကိုနဲ့မလိုက်ဖက်ဘူး "

" သမီးယောလေး

အန်တီ

သမီးကို အရင်ဆက်သွယ်ခဲ့တယ်လို့ ရဲမှူးပြောတယ်

ဟုတ်ကဲ့ အစ်ကို မတော်တဆမှုမဖြစ်ခင်မှာ ယောနဲ့တွေ့ခဲ့တာမို့လို့ပါ အန်တီ
နောက်ပြီး ဖုန်းလည်းပြောခဲ့တာကြောင့်ပါ

မနက်က အိမ်ကနေ အကောင်းအတိုင်း ထွက်သွားတဲ့သူက အခုဆေးရုံက ကုတင်ပေါ်မှာ လှဲနေတာကို မြင်ရတာ အန်တီရင်‌တွေနာလိုက်တာ သမီးရယ်

စိတ်ကိုထိန်းပါ မိန်းမရာ သားက ပြန်သတိရလာမှာပါ

သမီးယောလေး သမီး အိမ်ကိုရောဖုန်းဆက်ထားပြီးပြီလား
ည၇နာရီပဲထိုးနေပြီ သမီးအိမ်ပြန်နောက်ကျနေပြီ

ဟုတ် ဖုန်းဆက်ထားပါတယ် အန်ကယ် အန်ကယ်တို့ရောက်လာမယ့်အချိန်ကို စောင့်နေတာပါ

ဒါဆို သမီးအိမ်ပြန်လိုက်တော့နော် အန်ကယ်တို့လည်း သားအနားမှာရောက်နေပြီဆိုတော့ သမီးအိမ်ပြန်ပြီးအနားယူလိုက်ပါ
အခုလို သားအနားမှာနေပေးတဲ့အတွက်လည်း သမီးကိုကျေးဇူးလည်းတင်ပါတယ်ကွယ်

မလိုပါဘူးအန်ကယ် ရပါတယ်
ဒါဆို သမီးကိုခွင့်ပြုပါဦးရှင့်
အန်တီ သမီးပြန်လိုက်ပါဦးမယ်နော်

အေးအေး သမီး

ရပါတယ် အန်တီ လိုက်မပို့ပါနဲ့တော့ အစ်ကို့နားမှာပဲနေပေးလိုက်ပါ

"You are my Symphony"Where stories live. Discover now