Part-44✨🍏

77 3 0
                                    

"You are my Symphony"
Part-44✨🍏

ယော ဒီကနေလွတ်အောင် ကြိုးစားရမည်
မောင့်သတင်းက အမှန်မဟုတ်ပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်

အခု ပန်းမြတ်ခြွေက သူမကို ထားထားတဲ့အခန်းမှာ မရှိဘဲ သူ့လူတစ်ယောက်နဲ့ အခန်းအပြင်သို့ ထွက်သွားတာမို့ အခန်းထဲ၌ ယောပဲကျန်နေခဲ့သည်

ချည်ထားတဲ့ကြိုးကို ပြတ်စေမည့် အရာတစ်ခုခု တွေ့လိုတွေ့ငြား ဝေ့ဝဲရှာကြည့်မိတော့ အခန်းတံခါးဘောင်မှာ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ မှန်ချပ်ကို သွားတွေ့သည်
ထိုမှန်က ကွဲကြေနေပြီမို့ မှန်စအချို့က တံခါးဘောင်မှာ ကျန်နေသေးသည်

ယောရဲ့ ခြေထောက်ကို ကြိုးတုတ်ထားတာမို့ ထိုတံခါးဘောင်ဆီ သွားဖို့ရာ လမ်းလျှောက်ဖို့အခက်အခဲဖြစ်နေတဲ့အတွက် မရောက်နိုင်ဘဲဖြစ်နေရသည်
ယော လွတ်မြောက်ဖို့ဆိုရင် ထိုနေရာသို့ ရောက်အောင်သွားမှ ဖြစ်မည်မို့ ရသည့်အချိန်လေးအတွင်းမှာ တံခါးဘောင်ဆီ ခြေလှမ်းများကို အားတင်း၍ လှမ်းခဲ့ရသည်

တံခါးဘောင်ဆီသို့ရောက်တော့ အခြေအနေကို အနည်းငယ်အကဲခတ်ရသေးသည်
ပန်းမြတ်ခြွေသာ ရုတ်တရက်ဝင်လာလျှင် ‌ယော ဒုက္ခရောက်သွားနိုင်သည်
ဒီထက်ပိုပြီး ဘယ်သူမှဒုက္ခမရောက်ဖို့ရာ ယော ဒီနေရာမှ လွတ်မြောက်ဖို့ကြိုးစားရမည်....

" တံခါးဘောင်ကို ကျောပေးပြီး မှန်စကို ယူရတာမို့ ယောရဲ့လက်ဖဝါးဟာ ဘေးကမှန်စများနှင့် ခြစ်မိပြီး ဒဏ်ရာရကာ သွေးများစိုလာခဲ့သည်

သူမလက်ထဲ ကြိုးတွေဖြတ်လို့ရမည့် မှန်စကို ရပြီမို့ လက်ကိုချည်ထားသည့် ကြိုးကို ထိုမှန်စနှင့် ဖြတ်ဖို့လုပ်ရသည်
ကြိုးက လက်ကို နောက်ပြန်ချည်ထားတာမို့ အလွယ်တကူတော့ ကြိုးကို ဖြတ်လို့မရပေ
ယော လက်တွေနာကျင်နေပေမယ့် လွတ်မြောက်ဖို့ရာ အားတင်း၍ကြိုးစားနေရသည်ည်

ယော ကြိုးကိုဖြတ်ဖို့ကြိုးစားနေတုန်းမှာ ပန်းမြတ်ခြွေနဲ့သူ့လူတို့ အခန်းထဲဝင်မလာစေဖို့ ဆုတောင်းနေရသည်

၁၅မိနစ်ခန့် ကြိုးစားပြီးသည့်နောက်မှာတော့ လက်ကိုချည်ထားသည့်ကြိုးဟာ ပြတ်သွားခဲ့သည်
ထို့နောက် အချိန်မဆွဲဘဲ ခြေထောက်ကို ချည်ထားသည့် ကြိုးကို ဖြတ်ဖို့ လုပ်ရသည်
လက်ဖဝါးတွေက မှန်ရှရာတွေနှင့်မို့ ခြေထောက်ကကြိုးကို ဖြတ်သည့်အခါမှာ လက်က အားလျော့လာရသည်

"You are my Symphony"Where stories live. Discover now