"You are my Symphony"
Part-21✨🍏" ကားဟွန်းတီးသံ ကြားတယ် ကိုရေ
အင်း ကို သွားကြည့်လိုက်မယ်
ဟုတ်တယ် မေရေ ဧည့်သည်တွေရောက်လာပြီဟုတ်ကဲ့ ဟုတ်ကဲ့ "
" မောင်စိုးရေ ခြံတံခါးသွားဖွင့်လိုက်ပါဦးကွ
ဟုတ်ကဲ့ သူဌေး "
" သမီးတို့လာကြ....ဟိုတစ်ခါဆုံပြီးကတည်းက ပြန်မတွေ့ဖြစ်တော့တာကွယ်
ဟုတ်တယ် အန်တီရေ....အခုမှပဲတွေ့ဖြစ်တော့တယ်ရှင်
မင်္ဂလာပါ ဘွား နေကောင်းတယ်နော်
ကောင်းပါ့ရှင် မြေးမလေးကိုလည်း အခုမှပဲတွေ့ရတော့တယ် မြေးလေးလည်း ပိုခန့်လာတယ်နော်
အဟွန်း....အဘွားကတော့ မြှောက်နေပြီဗျာ
ဒါနဲ့ ကိုသျှန်ရော အန်တီ မတွေ့ပါလားဗျ
သားသျှန်က ညနေစာအတွက် ချက်ပြုတ်တာက ခုနကမှပြီးသွားတာလေ သား
ဪ ဟုတ်ကဲ့ ကိုသျှန်ပင်ပန်းသွားရပြီ သားတို့အတွက် အဲ့လောက်ပြင်ဆင်ပေးဖို့မလိုပါဘူးဗျာ
" ဝေ"တို့ကို သူ့လက်ရာစားစေချင်လို့ ဆိုင်ကနေ နေ့တစ်ဝက်နဲ့ပြန်လာတာလေ
ဒီနေ့ ညနေစာကတော့ ထမင်းမြိန်ပြီပေါ့ရှင်
အဟင်း....."
" ပြီးမှ ညနေစာ စားကြတာပေါ့ အခုကရောက်ရောက်ချင်းဆိုတော့ ကိုမင်းထည်တို့ နဲ့စကားခဏပြောဦးမယ်ဗျာ ကျွန်တော်တို့ချင်းလည်း လုပ်ငန်းကိစ္စဆွေးနွေးချင်တာလည်းရှိသေးတော့ ဒီမှာအကြာကြီးနေပြီးမှ ပြန်ကြဗျာ
ရပါတယ်ဗျာ "
လူကြီးတွေကတော့ သူတို့စကားဝိုင်းနဲ့သူတို့ဆိုတော့ ယောတို့မောင်နှမက အဘွားနဲ့သာစကားစပ်မိနေသည်
" သားငယ်က အခုကျောင်းပိတ်နေတာဆိုတော့ အိမ်မှာပဲပေါ့
ဟုတ်တယ် ဘွားရဲ့ အိမ်မှာပဲ အိမ်အလုပ်တွေကူလုပ်လိုက် ဂိမ်းဆော့လိုက်နဲ့ပေါ့ဗျာ
လူငယ်ဘဝကို ဒီလိုလေးပဲဖြတ်သန်းတာ စိတ်ကိုအေးချမ်းတယ် ကောင်းတယ် ကောင်းတယ်