"You are my Symphony"
Part-31✨🍏" သမီး ဒယ်ဒီ့ကိုစိတ်ဆိုးနေတာလား
ဟင့်အင်း မဆိုးပါဘူး ဒယ်ဒီ စိတ်မကောင်းဖြစ်တာပဲရှိတာပါ
ဒယ်ဒီက သမီးကိုစိတ်ပူလို့ မန္တလေးမှာတုန်းက အပြင်ထွက်ခွင့်မပေးတာပါကွယ်
အခု ရန်ကုန်ပြန်ရောက်နေတာ တစ်လပဲရှိနေပြီ သမီး အပြင်ထွက်လို့မရသေးဘူးလား ဒယ်ဒီ
သမီး ကိုယ့်ကိုကိုယ် ထိန်းနိုင်တာ သေချာပြီလား
သမီး ဒယ်ဒီတို့စိတ်ပူစေရမယ့်လုပ်ရပ်မျိုး ထပ်မလုပ်တော့ပါဘူး
သမီး ဒယ်ဒီ့ကို ကတိပေးနိုင်မလား
ဟုတ် သမီး ပေးနိုင်ပါတယ် ဒယ်ဒီ
ဟုတ်ပြီ သမီး ကိုယ့်စကားကိုယ် တာဝန်ယူနိုင်တာ သေချာတယ်နော်
ဟုတ်ကဲ့ ဒယ်ဒီ
ဟုတ်ပြီ မနက်ဖြန်ကစပြီး အရင်လို သမီး အပြင်ထွက်လို့ရပြီ
ဒါဆို သမီး လုပ်ငန်းခွင်ပြန်ဝင်လို့ရပြီပေါ့နော် ဒယ်ဒီ
ဒါပေါ့...
ဟုတ် ကျေးဇူးတင်ပါတယ်ဒယ်ဒီ "
ခြွေ မောင့်ကို မနက်ဖြန်လာတွေ့မယ် မောင့်ကိုလေ ခြွေ အရမ်းလွမ်းနေခဲ့တာ သိလား
🎶💙🎶💙🎶💙🎶💙🎶
" အစ်ကိုလေး.....ကျွန်တော်ပါ ဝင်လာခဲ့လို့ရမလား
ရတယ် ဝင်လာခဲ့....."
အစ်ကိုလေးက အရင်ကထပ် ပို၍ တည်တင်းလာသလို အေးစက်သည်ထပ် အေးစက်လာခဲ့သည်
အစကတည်းက တစ်ယောက်တည်းနေတတ်တဲ့သူမို့ အစ်ကိုလေးက သူ့ခံစားချက်တွေကို အခုနောက်ပိုင်း သိုဝှက်ထားသည်ကများသည်
ဆိုရရင် မမလေးယောမှာ သက်ဆိုင်သူရှိလာချိန်ကစတာပါပဲ......" ပြော ဘာကိစ္စလဲ
မပန်းမြတ်ခြွေ ရန်ကုန်ပြန်ရောက်နေပါပြီ အစ်ကိုလေး
ကြာပြီလား....
ဟုတ်ကဲ့ တစ်လလောက်ရှိနေပါပြီ
အခုမှ ငါ့ကိုလာပြောတာ ပြီးခဲ့တဲ့ရက်တွေတုန်းက မင်းလူတွေ ဘယ်နားသွားအိပ်ပျော်နေတာလဲ.....