Part-26✨🍏

51 2 0
                                    


"You are my Symphony"
Part-26✨🍏

🎶မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ....
ကူးပြောင်းစတန်ခူးလေမှာ.....
တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖျန်းပတ်ကြစဉ် 💦💦
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ🎶
ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးရေ
ပန်ဆင်ထားသူရေ....🎶"

" မမရေ......ဘယ်မှာလဲ....

သားငယ် မမကိုလိုက်ရှာနေတာဘာလုပ်မလို့လဲ

ဗျာ....ဘာမှမဟုတ်ဘူး မေကြီး မမပျောက်နေလို့လေ သူ့အခန်းထဲမှာလည်း မတွေ့လို့ လိုက်ရှာနေတာ

အပြင်ထွက်သွားလားမသိဘူးနော် သားငယ် ခုနက မေမေ ကားသံကြားလိုက်တယ်

ဟုတ်လား....မေကြီး သားဖုန်းဆက်မေးကြည့်လိုက်မယ်....

အင်းအင်း.....မေမေ ဘုရားပန်းသွားလဲလိုက်ဦးမယ်

ဟုတ်ကဲ့ မေကြီး..."

" လူကြီးမင်းခေါ်ဆိုနေသောဖုန်းနံပါတ်မှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်.....ခတ္တပြန်လည်စောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်......"

ဟာ....ချီးပဲ.....၁၀ခါလောက်ခေါ်နေတာကို မကိုင်ဘူးဆိုတော့ ငါ့အစ်မဘယ်ရောက်နေတာပါလိမ့်.....
ဆက်သွယ်မှုဧရိယာပြင်ပဆိုတော့ လိုင်းမမိတဲ့နေရာများရောက်နေတာလား....အပြင်သွားနေတယ်ဆိုရင်မေကြီးကိုမပြောဘဲ ထွက်သွားစရာအကြောင်းမှ မရှိတာ....

သူ ခြံထဲဆင်းပြီး ကားဂိုထောင်ဖက်သွားကြည့်တော့ မမကားက ဂိုထောင်ထဲမှာ ဖြစ်သည်....
ဟင် ငါ့အစ်မဘယ်ပျောက်နေတာပါလိမ့်.....
ကားလည်းရှိနေတာကို....

တည်တံ့တစ်ယောက် အစ်မပျောက်လို့ အိမ်ထဲတင်မက ခြံထဲပါ အကုန်လိုက်ရှာနေလေရဲ့😂

မောင်ဖြစ်သူက အိမ်မှာ အစ်မကိုလိုက်ရှာနေချိန် အစ်မဖြစ်သူက အပြင်မှာ သျှန်နဲ့ Dateနေတာဖြစ်သည်🤭

" ယောငယ် စားလေ ကျွန်တော် ယောငယ်အတွက် သေချာလုပ်ထားတာ အရသာဘယ်လိုနေလဲ မြည်းကြည့်ပါဦးဗျ

အင်း...."
ယော မုန့်တစ်ခုကိုယူစားကြည့်တော့ အရသာကပြောစရာမလိုလောက်အောင် ကောင်းသည်

"You are my Symphony"Where stories live. Discover now