"You are my Symphony"
Part-8✨🍏"မဂ်လာပါရှင် ကျွန်မနာမည်က ယောရွက်ငယ်ပါ Interior Designer တစ်ယောက်ပါရှင်
ဟုတ်ကဲ့ခင်ဗျ တွေ့ရတာဝမ်းသာပါတယ် မယောရွက်ငယ်
ကျွန်တော်တို့ကို အခုလိုလာတွေ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာမလိုပါဘူးရှင်
ဟုတ်ကဲ့ခင်ဗျ ကျွန်တော့်နာမည်က ဘုန်းဇာဏ်ပါ
ကျွန်တော်က ဘုန်းခန့်ပါ
ကျွန်တော်ကတော့ ဇာနည်ပါ
ကျွန်တော့်ကိုတော့ မယောရွက်ငယ် သိပြီးသားမို့ နာမည် မိတ်မဆက်တော့ဘူးနော်
ဟုတ်ကဲ့ရပါတယ် အားလုံးနဲ့တွေ့ရတာ ဝမ်းသာပါတယ်ရှင့်
ဟုတ်ကဲ့ ကျွန်တော်တို့ရောပါပဲ
သျှန် ပြောပြထားလို့ အလုပ်ကိစ္စကိုတော့ အကြမ်းဖျင်းသိထားလိမ့်လို့ ကျွန်တော်ထင်တယ်ဟုတ်ကဲ့ ကျွန်မသိထားပါတယ် ကိုဇာဏ်
အသေးစိတ်ကိုတော့ ကိုဇာဏ်တို့နဲ့တွေ့မှ သိရမယ်လို့တော့ ပြောပြထားပါတယ်ဘုန်းခန့်။ ကျွန်တော်တို့လိုချင်တဲ့ပုံစံက Natural ပုံစံလိုချင်တာဗျာ မီးရောင်စုံဒီဇိုင်းတွေမလိုချင်ဘူး နောက်ပြီး ပန်းပင်တွေလည်းထည့်ချင်တယ် အများကြီးတော့ မဟုတ်ဘူး အမြင်တင့်တယ်အောင် အနည်းငယ်လောက်ပေါ့
ဇာဏ်။ အတွင်းပိုင်းအပြင်အဆင်မှာ ခုံတွေပူးကပ်နေတာထပ် အဖွဲ့လိုက်လာတဲ့သူတွေက သပ်သပ်၊တစ်ဦးတည်းလာတဲ့သူတွေ သပ်သပ်၊ အတွဲတွေက သပ်သပ်၊ မိသားစုလိုက်လာတဲ့သူတွေအတွက် သပ်သပ် အဲ့လိုမျိုးလေး လိုချင်တယ်ဗျ
ဇာနည်။ ဘာလို့ဆို ကျွန်တော်တို့သွားချင်တဲ့ပုံစံက Barကို မိသားစုတွေ လာရောက်အပန်းဖြေလို့ရအောင် ဖွင့်ချင်တာ အသောက်အစားတစ်မျိုးတည်းမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလာလို့ရတဲ့နေရာတစ်ခုအဖြစ် ဖွင့်ချင်တာဗျာ အသက်၁၄နှစ်အထက် ကလေးတွေပါ သူတို့ရဲ့မိသားစုဝင်တွေနဲ့အတူ လာလို့ရတဲ့နေရာတစ်ခုအဖြစ်နဲ့ပေါ့
ယော။ ဟုတ်ကဲ့ ကျွန်မနားလည်ပါတယ် ကိုသျှန်ခိုက်မင်းထည်ကရော ဘယ်လိုပုံစံမျိုးလိုချင်သေးလဲ