Part-38 ✨🍏

37 1 0
                                    


"You are my Symphony"
Part-38✨🍏

" ဒေါက်တာ လာနောက်နေတာမလား....

ဒါ နောက်စရာကိစ္စမှမဟုတ်ပဲဗျ ကျွန်တော် အမှန်အတိုင်းပြောနေတာ

ဘာလို့လဲ ဒေါက်တာ....

ဒါတော့ ကျွန်တော်လည်း မပြောပြတတ်ဘူး ကိုသျှန်ခိုက်မင်းထည်
ကျွန်တော်ကိုယ်တိုင်လည်း မနေ့ညနေကမှ ခင်ဗျားနဲ့ပက်သက်ပြီး သိလာခဲ့တာ
ခင်ဗျားကို အားလုံးက သေသွားပြီလို့ပဲ သိထားကြတာ

ဗျာ......

ဒီမှာ ကျွန်တော် ခင်ဗျားကိုပြဖို့ သတင်းစာကိုပါ ယူလာခဲ့တယ် နောက်ပြီး ခင်ဗျားနဲ့ပက်သက်ပြီး တင်ထားတဲ့ပို့စ်တွေရောပဲ ကျွန်တော်ရှာထားတာ ကြည့်လိုက်ပါဦး......"နောက်ပြီး ခင်ဗျားနဲ့ပက်သက်ပြီး တင်ထားတဲ့ပို့စ်တွေရောပဲ ကျွန်တော်ရှာထားတာ ကြည့်လိုက်ပါဦး......"

ဒေါက်တာရောင်ခြည်သစ် ပြလာသည့် သတင်းစာအပါအဝင် ပို့စ်တွေကိုပါ သျှန် သေချာကြည့်နေမိသည်

" ဒေါက်တာ.....
ကျွန်တော်သေဆုံးရတဲ့အကြောင်းအရင်းက ကားတိုက်မှုဖြစ်ပြီး မီးလောင်ပေါက်ကွဲသွားမှုကြောင့်တဲ့လား

ကျွန်တော်လည်း အဲ့လိုသိလာရလို့ ခင်ဗျားကိုပြဖို့ ယူလာခဲ့တာ သတင်းကအမှားဖြစ်နေတဲ့အပြင် အရာအားလုံးက လွဲမှားနေတယ်ဆိုတာ ခင်ဗျားသိတယ်မလား

ဒီကိစ္စတွေရဲ့တရားခံက ပန်းမြတ်ခြွေဆိုတဲ့မိန်းမရဲ့လက်ချက်ပဲ ဒေါက်တာ
ကျွန်တော့်ကို ဒီခေါ်လာခဲ့တာ သူပဲ

ကျွန်တော့်ကို ခင်ဗျား ကားတိုက်မှုမဖြစ်ခင် မှတ်မိသလောက် ပြောပြပေးလို့ရမလား

ရပါတယ် ဒေါက်တာ
အဲ့နေ့က ကျွန်တော် ဆိုင်ကနေ အိမ်ပြန်ဖို့ ကားမောင်းထွက်လာခဲ့တာ ဒါပေမယ့် လမ်းကွေ့တစ်နေရာရောက်တော့ တစ်ဖက်က ရုတ်တရက်ပေါ်လာတဲ့ကားကို ရှောင်တာ ဘရိတ်မမိပဲ တိုက်မိတိုက်ရာ တိုက်မိလိုက်တာပဲ ဒေါက်တာ အဲ့နောက်ပိုင်းကိုတော့ ကျွန်တော် မမှတ်မိတော့ဘူး

ဒါဆို ခင်ဗျားမိသားစုကတော့ တအားဝမ်းနည်းနေမှာပဲ
ခင်ဗျားကို သေပြီထင်ပြီး ဈာပနပွဲပါလုပ်ပြီးပြီလေ
သေဆုံးပြီး ဆေးရုံရောက်လာတဲ့လူကိုလည်း ခင်ဗျားပဲထင်နေခဲ့တာ
ခင်‌ဗျားမဟုတ်ဘူးဆိုပြီး DNAစစ်ဆေးချက် ၂ခါတောင် စစ်ဆေးခဲ့ကြတာ ဒါပေမယ့် ရလဒ်က ခင်ဗျားပါဆိုပြီး ထွက်လာတယ်လေ

"You are my Symphony"Where stories live. Discover now