part-27✨🍏

32 1 0
                                    

"You are my Symphony"
Part-27✨🍏

" အဟက်....ဒါနဲ့ ယောငယ် အခုဘာလုပ်နေတာလဲဟင်

မနက်ဖြန်က သင်္ကြန်အကြိုနေ့မလား

အင်း....ဟုတ်တယ်လေ ယောငယ် .......ယောငယ် လျှောက်လည်မို့လား.....

အင်း.....သူငယ်ချင်းက လှမ်းပြောတယ်လေ မနက်ဖြန်ကျရင် သူတို့လာခေါ်မှာ
အဲ့အတွက် ဝတ်ဖို့ ဝတ်စုံရွေးနေတာလေ....

ယောငယ်အသံလေးက ရွှင်နေတာပဲ....ပျော်နေတာထင်တယ်....ကိုယ် ပြောတာဟုတ်တယ်မလား....

အင်း....ဒါပေါ့....သူငယ်ချင်းတွေနဲ့ဆိုတော့ ပိုပြီးပျော်ရတယ်လေ...."
သျှန်က တစ်ခါတစ်ခါ သူ့ကိုယ်သူ "ကိုယ်"ဟု ပြောမိတတ်သည်ကို ယော သတိထားမိတာကြာပြီ....

" ဟုတ်ပါပြီဗျာ....

သျှန်ကရော သင်္ကြန်မလည်ဘူးလားဟင်....

ကျွန်တော်လား......မသိသေးပါဘူး ယောငယ်ရယ်....

သျှန့်သူငယ်ချင်းတွေက လှမ်း‌မပြောဘူးလား လျှောက်လည်ဖို့ကိုလေ.....

အင်း.....သူတို့လည်း အလုပ်တွေများနေတာလေ....ကိုယ်လည်း ဆိုင်တစ်ဖက်နဲ့ဆိုတော့ မတိုင်ပင်ဖြစ်သေးပါဘူး ယောငယ်ရယ်...."

‌သျှန့်ကို ခေါ်လိုက်ရင်ကောင်းမလား လူများတော့ပိုပြီး ပျော်စရာကောင်းတယ်လေ....

" သျှန်.....

ဗျာ....

ယောတို့နဲ့အတူလိုက်လည်မလား...

ကျွန်တော်ပါတော့ ယောငယ်တို့တွေ အနေရခက်နေမှာပေါ့ မလိုက်တော့ပါဘူး ယောငယ်တို့ပဲသီးသန့်လည်ပါဗျာ တည်တံ့လည်းပါမှာဆိုတော့ ကျွန်တော်စိတ်မပူရတော့ပါဘူး တစ်ခုခုဆိုတာနဲ့ ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်နော်

ယောတို့ချည်းပဲ သီးသန့်မဟုတ်ဘူး သျှန်ရဲ့ သူတို့ကောင်လေးတွေလည်းပါမှာလေ
ဒါမှမဟုတ် သျှန့်သူငယ်ချင်းတွေကိုပါ ခေါ်လိုက်ပါလား လူများလေ ပိုပျော်စရာကောင်းလေပဲလေ

ကောင်းပါ့မလား ယောငယ် ကျွန်တော်အားနာလို့ပါဗျာ

ရပါတယ် ဘာမှမဖြစ်ပါဘူး
လူငယ်ဘဝက နှစ်ခါပြန်မရဘူးနော် သျှန် ပျော်ရမယ့်အချိန်မှာ ပျော်ပျော်နေရင်း ဘဝကိုဖြတ်သန်းသွားရမယ် ပြီးတော့ သင်္ကြန်ဆိုတာက တစ်နှစ်မှတစ်ခါပဲကျင်းပတာ အလုပ်တွေနဲ့ပဲရှုပ်နေရင် ပျော်ဖြစ်မှာမဟုတ်တော့ဘူး

"You are my Symphony"Where stories live. Discover now