part-6(Uni+Zaw)

2.4K 54 0
                                    


တိမ်သလ္လာကင်းစင်သည့်ည။
မဟူရာအဆင်းနှင့်ညှင်းလေသွေးနေသောထိုတစ်ညဝယ်မဟာဂုဏ်ထည်စံအိမ်ကြီးအတွင်းမှအဖြူရောင်ပိုးသားပျော့ပျော့ညဝတ်အင်္ကျီကိုဝတ်ဆင်ထားသည့်အရိပ်သဏ္ဍာန်ငယ်လေးသည်တစုံတယောက်ရှိရာအခန်းဆီသို့ဦးတည်လျှောက်လှမ်းလျက်ရှိနေလေ၏။

"ကလစ်"

".............."

အခန်းတံခါးဖွင့်သံနှင့်အတူမှိန်ပြပြမီးရောင်အောက်တွင်တိတ်ဆိတ်ငြိမ်ဝပ်စွာတည်ရှိနေသောအခန်းထဲသို့အရဲစွန့်တိုးဝင်လာသည့်သဏ္ဍာန်ငယ်လေးသည်ကြီးမားကျယ်ပြန့်ပြီးအိစက်နေသည့်ကုတင်​နားတွင်ခတ္တရပ်လိုက်၍ကုတင်ပေါ်သို့စူးစမ်းသောအကြည့်ဖြင့်ကြည့်လိုက်လေသည်။

နီကျင့်ကျင့်မီးရောင်အောက်တွင်မျက်လုံးကိုအဝတ်နက်ဖြင့်စည်းနှောင်ထားပြီးကျစ်လစ်သန်မာသောလက်ကြီးနှစ်ဖက်ကိုကုတင်တိုင်နှင့်တွဲချည်ခံထားရသောသူတစ်ဦး။
ထိုသူကမဟာဂုဏ်ထည်စံအိမ်ကြီး၏အရှင်သခင် တုနှိုင်းမဟာ ပင်။

သူလိုချင်သည့်အနေအထားအတိုင်း မဟာ့ ရဲ့သွင်ပြင်ကိုမြင်တွေ့လိုက်ရတာကြောင့်သဏ္ဍာန်ငယ်လေး၏နုထွေးသောနှုတ်ခမ်းလေးမှာတွန့်ကွေးလို့သွားရသည်။
ဒီလိုဆိုတော့လဲ တုနှိုင်းမဟာ ဆိုသည့်လူကသူ့တောင်းဆိုချက်လိုအလွယ်တကူလိုက်လျောသားဘဲ။

"အဟင်း"

".............."

သဘောတကျဖြင့်သူတိုးဖွဖွရီလိုက်မိပြီးကုတင်ထက်တွင်လက်လေးနှစ်ဖက်ထောက်လိုက်ကာငြိမ်သက်စွာလဲလျောင်းနေသောသူကိုစိမ်ပြေနပြေနှင့်အုပ်မိုး၍ကြည့်လိုက်လေသည်။

"မင်းရောက်လာပြီလား...ကိုယ်ကအချိန်ဆွဲတာမျိုးတွေမကြိုက်ဘူးကွာ"

"............."

လှိုက်မောစွာထွက်ပေါ်လာသည့်ရှတတအသံကြီးကတစုံတရာကိုအစွမ်းကုန်မျှော်လင့်နေသည့်အလား။

မဟာ သူ့နှာဖျားဝမှာကလူလာသည့်မွှေးရနံ့သင်းသင်းလေးကိုတမက်မောရှူရှိုက်မိရင်းသူမျှော်လင့်နေသောအရာကိုစိတ်အားထက်သန်စွာဖြင့်စောင့်စားနေမိ၏။

🔥ခြွေ🔥Donde viven las historias. Descúbrelo ahora