part-10(Uni&Zaw)

1.3K 39 5
                                    


စျေးဝယ်ရန်ထွက်သွားသော ငယ်ဆူးခက် ကိုအပေါ်ထပ်ဝရံတာမှ မဟာ စိမ်းစိမ်းကြီးစိုက်ကြည့်ရင်းညစ်ထေးစွာပြုံးလိုက်မိ၏။

ထို့နောက်လက်ထဲမှအငွေ့မသေသေးသောစီးကရက်ကိုတောက်ထုတ်လိုက်ကာစိတ်လက်ပေါ့ပါးစွာဖြင့်အခန်းထဲဝင်ခဲ့လိုက်တော့သည်။

လူယုံတော် ကမ္ဘာဦး ကိုသူသေချာမှာကြားထားပြီးသားမို့သတင်းကောင်းကို​ခြေဆန့်ကာစောင့်နေရုံသာ။

"ငယ်ဆူးခက်...ငယ်ဆူးခက်...လူတယောက်ရဲ့သောက ကဘယ်လောက်ပူလောင်ရတယ်ဆိုတာခံစားကြည့်လိုက်ဦးပေါ့ကွာ"

အမျက်သိုထားသောစကားကိုသူဆိုရင်းနှုတ်ခမ်းကြီးကိုအလိုမကျစွာမဲ့ချလိုက်မိ၏။
အငြိုးတွေပြန့်ပွားနေသောသူ့နှလုံးသားကြီးမှာတော့မကျေလည်ခြင်းတွေနှင့်မာထန်လို့နေရသည်။

_________________________________________________

Crystal Mark အတွင်းလိုအပ်သည်များကိုဟိုဟိုဒီဒီလျှောက်ကြည့်ရင်း ငယ်ဆူးခက် တယောက်စိတ်လက်ပေါ့ပါးသလိုမျိုးခံစားလိုက်ရသည်။

အကျဥ်းချခံထားရသောစိတ်တို့ကမွန်းကြပ်မှုများစွာနှင့်တပိုင်းသေနေခဲ့တာကြာပြီ။

"ဟား"

"............."

ခုမှပင်သူအသက်ဝဝရှူနိုင်တော့သည်။
ပျောက်ဆုံးနေသောလွတ်လပ်မှုကိုခဏတာဖမ်းဆုပ်ကြည့်ရုံမျှဖြင့် ငယ်ဆူးခက် ၏စိတ်အလျှင််မှာလိပ်ပြာငယ်လေးလိုလွတ်လပ်စွာပျံသန်းနေမိတော့သည်။

သူဟိုဒီကြည့်ရင်းနေ့လည်စာ Menu အတွက်လိုအပ်သည်များကိုဝယ်ရန်ပင်လယ်စာသီးသန့်ထားသည့်နေရာသို့လျှောက်လို့လာစဉ်

"ဘုတ်!"

"............"

"အင့်!"

".........."

ရုတ်တရက်နောက်ကနေသူ့ပုခုံးစွန်းကိုဝင်တိုက်ခြင်းခံလိုက်ရတာကြောင့် ငယ်ဆူးခက် ကိုယ်လေးမှာအနည်းငယ်ယိုင်လို့သွားရသည်။

"Sorry!"

"..........."

ဦးထုတ်ကိုခပ်ငိုက်ငိုက်ဆောင်းထားသည့်လူတယောက်ကသူ့ကို sorry တခွန်းသာပြောပြီးနေရာမှအလျင်စလိုပြေးထွက်သွားတာကြောင့် ငယ်ဆူးခက် ငေးကြောင်ကြောင်လေးကျန်ရစ်ခဲ့ရသည်။

🔥ခြွေ🔥Tahanan ng mga kuwento. Tumuklas ngayon