part-33(Uni&Zaw)

926 38 2
                                    


ခြွေ ယူလာပေးတဲ့အရုပ်နဲ့မုန့်တွေကြားထဲတွင်ပြုံးပျော်နေရှာတဲ့သမီးလေးကိုကြည့်၍ ခြွေ့ ရင်ထဲမှာအတိုင်းအဆမဲ့ကြည်နူးနေရသည်။

ခြွေ ခွံ့ကျွေးတဲ့ချောကလက်ကိတ်ကိုပါးစုံလေးနှစ်ဖက်လှုပ်အောင်တမြုံ့မြုံ့စားရင်းပြုံးပြလာသည့်သမီးလေးရဲ့အပြုံးကစန္ဒာထွန်းပကြယ်စုံခရသည့်ညချမ်းလိုတလောကလုံးတွင်အလင်းလက်ဆုံးပင်။

"သမီးလေး...ပါးပါးကျွေးတဲ့ချောကလက်ကိတ်စားလို့ကောင်းလား"

"............"

"ဟုတ်...ပါးပါးကျွေးတဲ့ရှောကရက်ကိတ်ရေးကရှိုနေတာဘဲတိရား"

"..........."

ခေါင်းလုံးလုံးလေးကိုတခါခါလှုပ်ရင်းမပီကလာပီကလာပြောနေသည့် Lemon လေးကိုကြည့်ပြီး ခြွေ အသဲတွေယားနေမိ၏။

ခြွေ သူ့ရှေ့ကကော်ပတ်ရုပ်လေးကိုအူတွေအသဲတွေယားလွန်းရသည်မို့အတင်းဆွဲပွေ့ယူလိုက်ပြီးပါးဖေါင်းဖေါင်းလေးနှစ်ဖက်ကိုစိတ်ရှိလက်ရှိမွှေးကြူပစ်လိုက်တော့သည်။

"အွန်း...ပါးပါးညော်"

"..........."

မျက်လုံးလေးကိုဝင့်လျှက်မကြည်ပေါက်လေးနှင့်ပြောလာသည့် သမီးပုံလေးက ခြွေ့  အသဲကိုအရည်ပျော်ကျလို့သွားစေသည်။

"ပါးပါး...ရှောကရက်ကိတ်ရှိရော့ဘူး"

"..........."

"ဟုတ်လား...ချောကလက်ကိတ်ကဘယ်ကိုရောက်သွားပါလိမ့်"

"............"

ခြွေ ကမသိဟန်ဆောင်ကာပြန်မေးလိုက်တာကြောင့်သမီးလေးကသဘောကျသွားပုံဖြင့်

"ခစ်...ခစ်...ခစ်...ရှောကရက်ကိတ်ကမီးမီးရဲ့ဗိုက်ရေးထဲရောက်တွားရာရေ"

ဗိုက်လုံးလုံးလေးကိုလက်ညှိုးတိုတုတ်တုတ်လေးဖြင့်ထိုးပြလျှက် ခြွေ့ ကိုမေးလေးငေါ့ကာငေါ့ကာပြောနေတဲ့သမီးအတတ်လေးကိုကြည့်ပြီး​ခြွေ သဘောအကြီးကျနေမိ၏။

ခြွေ တို့သားအဖကိုကြည့်၍အန်တီထရေစီနှင့် မင်းညှို့စွမ်း ၏မျက်နှာတွင်လည်းပြုံးသကာရည်တို့သွန်းလောင်းချထားသလိုရွှန်းချိုလျှက်ရှိနေရသည်။

🔥ခြွေ🔥Where stories live. Discover now