ခြံဝန်းကြီးထဲမှကားကိုအလျင်စလိုမောင်းထွက်သွားသော တုနှိုင်းမဟာ ကိုကြည့်ပြီး သို့လော သို့လောအတွေးတွေဖြင့် ခြွေ ကျန်ရစ်ခဲ့ရသည်။"ဘယ်လိုအရေးကြီးကိစ္စဖြစ်လို့ တုနှိုင်းမဟာ ကငါ့ကိုတောင်ပြောမသွားနိုင်ရတာလဲ"
တုနှိုင်းမဟာ ကတော်တန်ရုံကိစ္စဆိုခေါင်းထဲမထည့်တတ်သည့်သူမျိုးမို့ ခြွေ စဉ်းစားရကျပ်နေမိ၏။
ထို့နောက် ခြွေ့ မျက်လုံးတွေက စားပွဲပေါ်မှစားလက်စကျောက်ပွင့်သုပ်ပန်းကန်ဆီရောက်သွားရသည်။
ပန်းကန်ထဲတဝက်ခန့်သာကျန်တော့သည့်ကျောက်ပွင့်သုပ်ပန်းကန်ကိုကြည့်ပြီး ခြွေ မဲ့ပြုံးလေးကိုပြုံးလိုက်၍
"ကျောက်ပွင့်သုပ်ကိုတော်တော်မှစားကောင်းရဲ့လား ဦးတုနှိုင်းမဟာ...ခင်ဗျားစားကောင်းအောင်ကျောက်ပွင့်သုပ်ကိုမြေပဲဆီစစ်စစ်နဲ့သေချာသုပ်ပေးထားတယ်ဆိုတာကိုတောင်မပြောလိုက်မိဘူး...အဟက်...ညှိုးမိပြီဆိုမှတော့မိုးအဆုံးမြေအဆုံးပေါ့ ဦးတုနှိုင်းမဟာ ရယ်...ခင်ဗျားပေးခဲ့တဲ့ဒဏ်ရာတွေကို ခင်ဗျားရဲ့နာကျင်မှုတွေနဲ့ပြန်ကုစားပြမယ်"
အညှိုးတို့လှိုက်စားခံနေရတာကြောင့် ခြွေ့နှလုံးသားမှာသွေးမထွက်ဘဲဒဏ်ရာတွေကနက်သထက်နက်နေရသည်။
"သားဘာတွေစဉ်းစားနေတာလဲ...ကြည့်ရတာ သားမဟာ စားပြီးသွားပြီထင်တယ်...မေမေစားပြီးသားပန်းကန်ကိုသိမ်းလိုက်ရတော့မလား"
ရုတ်တရက်ထမင်းစားခန်းထဲကိုဝင်လာတဲ့မေမေကြောင့်ပျက်ယွင်းနေသည့်မျက်နှာကို ခြွေ အမြန်ပြင်လိုက်ပြီး
"ရတယ်မေမေ ခြွေ ဘဲသိမ်းလိုက်ပါ့မယ်...မေမေဘုရားဆွမ်းတော်ကပ်ပြီးသွားပြီဆိုရင်နံနက်စာကိုတခါတည်းစားလိုက်တော့လေ...ခြွေ မေမေတို့အတွက်သီးစုံထမင်းကြော်၊ကြာစွယ်ဟင်းခါးနဲ့ကျောက်ပွင့်သုပ်ချိုချဉ်လေးသုပ်ထားပေးတယ်"
ခြွေ့ အပြောကြောင့်စားပွဲပေါ်မှာအသင့်ပြင်ထားသည့်သီးစုံထမင်းကြော်၊ကြာစွယ်ဟင်းခါးနှင့်ကျောက်ပွင့်သုပ်ပန်းကန်လေးကို ဒေါ်ဆူးခက်နွယ် ကြည့်လိုက်၍

YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်