မုန်းတီးစိတ်၊နာကျည်းစိတ်၊ခံပြင်းစိတ်တို့ဖြင့် ငယ်ဆူးခက် ၏နှလုံးအိမ်လေးမှာမီးလောင်တိုက်သွင်းခံထားရသလိုပူပြင်းလျှက်ရှိနေရ၏။သတိလက်လွတ်ဖြင့်အလှမ်းကျယ်ကျယ်လှမ်းနေမိသည့်ခြေလှမ်းတွေမှာလဲဦးတည်ရာမဲ့လို့နေသည်။
နာကျင်သည့်စိတ်ကသူ့နှလုံးအိမ်ကိုနှင်တံနှင့်ရိုက်နှက်နေသည့်အလားတစစ်စစ်နဲ့ခံရခက်လှသည်။
တချက်ရှိုက်ငင်လိုက်တိုင်းနှလုံးအိမ်ဆီမှစူးသက်သောနာကျင်မှုကသည်းခြေခိုက်လောက်သည်။ကြည့်လေရာရာမှာဝေဝါးနေသည့်အမြင်အာရုံကညအမှောင်ကြောင့်မဟုတ်ဘဲမျက်ဝန်းအိမ်မှတစိမ့်စိမ့်ယိုစိမ့်လာနေသည့်မျက်ရည်စများကြောင့်ပင်။
ခံပြင်းမှုတွေကြောင့်တင်းတင်းဆုပ်ထားမိသည့်သူ့လက်နှစ်ဖက်မှာလဲအကြောစိမ်းများပင်ထောင်ထနေသည်အထိတင်းတောင့်နေရ၏။
ဆူပွက်နေသောအတွေးတို့ဖြင့်သတိလွတ်နေသူလိုဦးတည်ရာမဲ့ပြေးလွှားနေမိတာကြောင့်ကားလမ်းမပေါ်ရောက်နေတာကိုသူဂရုမထားမိ။
"ကျွီး!...ဝုန်း"
"............."
ရုတ်တရက်စူးရှသောအလင်းရောင်ကြောင့် ငယ်ဆူးခက် ၏မျက်ဝန်းတွေမှာပြာဝေသွားရပြီးသူ့ခန္ဓာကိုယ်လေးမှာအေးစက်မာကြောသောအရာနှင့်ထိတွေ့လိုက်သလိုခံစားလိုက်ရသည်။
စူးနက်သည့်နာကျင်မှုကိုခံစားလိုက်ရပြီးသည့်နောက်ဝါဂွမ်းစိုင်လေးလိုပေါ့ပါးသွားသောသူ့စိတ်အစဉ်ကလိပ်ပြာငယ်လေးလိုဦးတည်ရာမဲ့ပျံသန်းနေမိတော့သည်။
တဖြေးဖြေးဝေဝါးလာနေသောအမြင်အာရုံထဲတွင်သူနောက်ဆုံးမြင်လိုက်မိသည်ကမဟူရာဆန်သောကောင်းကင်ပြင်ကြီးကိုပင်။
______________________________
"အ...ကျွတ်...ကျွတ်"
"............."
မူးဝေနောက်ကျိနေသောခံစားချက်ကြီးကသူ့ရင်တွင်းကိုအော်ဂလီဆန်လာစေသည်။
ရေဓါတ်ခမ်းခြောက်နေသောနှုတ်ခမ်းလေးမှာပြင်းပြသောဆာလောင်မှုဖြင့်ဟစိဟစိဖြစ်နေရ၏။
YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်