part-41(Uni&Zaw)

966 21 2
                                    

အိမ်တော်ထိန်းရှိန် ကို တုနှိုင်းမဟာ များတစ်ခုခုပြန်ပြောလိုက်လေမလားဟူသည့်စိုးထိတ်စိတ်ဖြင့် ခြွေ ကြည့်လိုက်မိရာ

"ဟင်"

ခေါင်းကြီးငိုက်စိုက်ကျလျှက်ငြိမ်သက်နေသော တုနှိုင်းမဟာ ကြောင့် ခြွေ အနားသို့မရဲတရဲတိုးကပ်သွားလိုက်ပြီးစူးစမ်းလိုက်မိ၏။

ခြွေ သေချာအကဲခတ်ပြီးချိန်မှာတော့စိတ်အေးသွားပုံဖြင့်ပင့်သက်ကိုဖြေးဖြေးချင်းချလိုက်၍

"ဟူး...တော်သေးတာပေါ့...အချိန်ကိုက်ဖြစ်သွားလို့"

ဝိုင်ထဲတွင် ခြွေ ခပ်ထားသည့်အိပ်ဆေးအရှိန်​ကြောင့်အိပ်မောကျနေသည့် တုနှိုင်းမဟာ မှာဘာကိုမှသိပုံမရတော့။

တုနှိုင်းမဟာ ဘယ်လောက်ထိထန်တယ်ဆိုတာ ခြွေ သိထားပြီးသားမို့ကိုယ့်အန္တရာယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ခုလိုကြိုတင်စီစဥ်ခဲ့ခြင်းဖြစ်သည်။
မဟုတ်လျှင်အသားစားကြူးသည့်ကျားရဲကြီး၏ဝါးမျိုခြင်းကိုမရှူ့မလှခံရနိုင်သည်။
ဒီလိုတော့ ခြွေ အဖြစ်မခံနိုင်ပါ။
ခြွေ သူ့လုပ်ရပ်အတွက်ကျေနပ်နေတုန်းရှိသေးသည်။

"သခင်လေးမဟာ အဆင်ပြေရဲ့လား"

အိမ်တော်ထိန်းရှိန် ကစိုးရိမ်မကင်းပုံမျိုးနှင့်ထပ်မံမေးလာတာကြောင့်

"ငါဒီလိုနေလို့မဖြစ်သေးဘူး"

ခြွေ အလျင်စလိုဖြင့်အထိန်းအကွပ်မဲ့နေသောနို့နှစ်ရောင်ရင်နှစ်မွှာကိုချိတ်ပါသည့်သားရေပြားအပျော့စားဖြင့်အမြန်ပတ်လိုက်ကာဗီဒိုတွင်အသင့်ချိတ်ထားသောညဝတ်အင်္ကျီကိုဝတ်လိုက်လေသည်။

ထို့နောက်သံကြိုးတန်းလန်းဖြစ်နေသည့် တုနှိုင်းမဟာ လက်ကိုအမြန်​ဖြည်လိုက်၍ပျော့ကျလာသောကိုယ်ကြီးကိုကုတင်ပေါ်တွင်ပက်လက်အနေအထားပြောင်းထားလိုက်ပြီးစောင်ကိုသေချာခြုံပေးလိုက်၏။

ခြွေ လုပ်စရာရှိတာလုပ်ပြီးသည်နှင့်အခန်းတံခါးနားကိုတိုးကပ်သွားလိုက်ကာ

"ဟိုလေ မောင်အိပ်ပျော်သွားပြီ အိမ်တော်ထိန်းရှိန်...ခြွေ နဲ့ဝိုင်အတူသောက်နေရင်းပင်ပန်းလို့စောစောနားတော့မယ်ဆိုပြီးအိပ်ရာဝင်သွားတာ...ခြွေ လဲထမင်းမဆာတော့တာနဲ့အောက်ထပ်ကိုဆင်းမလာဖြစ်တာ"

🔥ခြွေ🔥Où les histoires vivent. Découvrez maintenant